DVB Logo
Home
မြန်မာသတင်း
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်က အပတ်စဉ် ၆ စစ်သင်တန်းဆင်းပွဲ ပြုလုပ်
DVB
·
June 24, 2025
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်က အပတ်စဉ် ၆ စစ်သင်တန်းဆင်းပွဲ ပြုလုပ်
1 / 4
Donate to DVB

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLF/DPLA) ရဲ့ အပတ်စဉ် ၆ စစ်သင်တန်းဆင်းပွဲ အခမ်းအနားကို လွတ်မြောက်နယ်မြေတနေရာမှာ ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်က ကျင်းပခဲ့တယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

အဆိုပါစစ်သင်တန်းမှာ မိမိတို့ ဓနုဒေသအတွင်းရှိ ပြည်သူလူထုကို ကာကွယ်နိုင်ဖို့၊ ရန်သူကို အမြဲသတိထားတတ်‌စေဖို့နဲ့ တိုက်ခိုက်ရေးကျွမ်းကျင်မှု ရှိ‌‌စေဖို့တို့ကို အဓိကထားပြီး အချိန်ကာလ ၃ လကျော်ကြာ စစ်သင်တန်းပေးခဲ့တာလို့ ဆိုပါတယ်။

ဓနုအမျိုးသားတယောက်က “ကျနော်တို့ ဓနုတိုင်းရင်းသားတယောက် အနေနဲ့တော့ ဂုဏ်ယူရပါတယ်။ ဘာလို့လဲဆိုတော့ စစ်အာဏာရှင် အမြစ်​ပြတ်ဖို့ကို လက်မနှေးဘဲ တော်လှန်နေတာဖြစ်ပြီး ခု ၂၀၂၁ အာဏာသိမ်းပြီး နောက်မှာလည်း လက်နက်ကိုင်တော်လှန်လိုတဲ့ လူငယ်တွေက တက်တက်ကြွကြွ ပါဝင်နေတာတွေ တွေ့မြင်နေရတာမို့ ဓနုတိုင်းရင်းသားတယောက်အနေနဲ့ ဝမ်းမြောက်ရတယ်” လို့ ပြောပါတယ်။

အဆိုပါ စစ်သင်တန်းဆင်းပွဲ အခမ်းအနားမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLF/DPLA) ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က မိမိတို့ ဓနု‌‌ဒေသအတွင်းရှိ ပြည်သူလူထုကို သစ္စာရှိရှိနဲ့ ကာကွယ်သွားကြဖို့၊ အမိန့်နာခံတတ်စေဖို့နဲ့ ဘယ်လိုအခြေအနေမှာပဲဖြစ်စေ စိတ်ဓာတ်မကျဘဲ စစ်အာဏာရှင်ကို တိုက်ထုတ်သွားကြဖို့ တက်ရောက်အမှာစကား ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဓနု ပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) တပ်ဖွဲ့ကို ၂၀၂၂ ခုနှစ် သြဂုတ် ၇ ရက်မှာ ဓနုလူငယ်တွေက စတင်ဖွဲ့စည်းခဲ့ကာ အမျိုးသမီး အမျိုးသားတွေပါ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေကြတာဖြစ်ပြီး အခြေခံစစ်ပညာသင်တန်းနဲ့ လက်နက်တပ်ဆင်ပွဲ အခမ်းအနားကို ဇွန် ၂၁ ရက်မှာ ပြုလုပ်ခဲ့တာဖြစ်ပေမဲ့ လုံခြုံရေးအရ ဇွန် ၂၄ ရက်မှာ ထုတ်ပြန်ကြေညာတာဖြစ်ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။

ဓာတ်ပုံ ဓနုပြည်သူ့လွတ်မြောက်ရေးတပ် အပတ်စဥ်၆သင်တန်းဆင်းပွဲပုံ DPLA ပြန်ကြားရေးတာဝန်ခံ ဆီမှ တောင်းယူထားသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013