
ထိုင်းစစ်တပ်ဟာ ဇွန် ၂၃ ရက်က ကမ္ဘောဒီးယားနဲ့ ထိစပ်နေတဲ့ ခရိုင် ၆ ခုစလုံးမှာ ကျောင်းသားတွေနဲ့ ဆေးကုသဖို့ လာရောက်သူတွေကလွဲလို့ ယာဉ်တွေနဲ့ ခြေလျင်ခရီးသွား အားလုံး ဖြတ်သန်းခွင့် ပိတ်လိုက်ပါတယ်။
နယ်စပ်ကန့်သတ်ချက်ဟာ နိုင်ငံခြားသားတွေသာမက ထိုင်းတွေအပေါ်ပါ အကျုံးဝင်ပါတယ်။ ဒါကြောင့် ခရီးသွားတွေဟာ ကမ္ဘောဒီးယားကို နာမည်ကျော် အရန်ညာပရာထဲ့ ပွိုင်းပက် ဂိတ်ကနေ ဝင်လို့မရနိုင်တော့ပါဘူး။
ဆူရင်၊ ဘူရီယမ်၊ ဆရီဆကတ်၊ စာကော၊ ချန်သာဘူရီနဲ့ ထရတ်ခရိုင် နယ်စပ်ဂိတ်တွေကို မဖြစ်မနေလိုအပ်တဲ့ သွားလာမှုကလွဲရင် အားလုံး ချက်ချင်းပိတ်မှာဖြစ်တယ်လို့ စစ်တပ်က ထုတ်ပြန်ပါတယ်။
ကမ္ဘောဒီးယားဟာ ထိုင်း သီးနှံနဲ့ ဟင်းသီးဟင်းရွက်တွေ တင်သွင်းမှု ပိတ်ထားသလို တီဗွီနဲ့ ရုပ်ရှင်ရုံတွေမှာ ထိုင်းဒရာမာတွေ ပြသခွင့်ပါ ပိတ်လိုက်ပြီး ထိုင်းက အင်တာနက် bandwidth ပါ ဖြတ်တောက်လိုက်ပါတယ်။
နယ်စပ်အငြင်းပွားမှုကြောင့် စစ်တပ်ချင်း ပဋိပက္ခဖြစ်ရာကနေ ကမ္ဘောဒီးယားစစ်သားတယောက် သေဆုံးခဲ့ပါတယ်။
နှစ်ဖက်ဆက်ဆံရေးတင်းမာနေချိန်မှာ ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်နဲ့ ကမ္ဘောဒီးယား အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်တို့ ဖုန်းဆက်သွယ်မှု အသံဖိုင်ကို ကမ္ဘောဒီးယားဘက်က ဖွင့်ချခဲ့ပါတယ်။
ဒီအသံဖိုင်မှာ ထိုင်းဝန်ကြီးချုပ်က စစ်တပ်ကို ရန်ဘက်သဖွယ် သုံးနှုန်းပြောဆိုခဲ့တာကြောင့် အပြင်းအထန် ဝေဖန်ခံနေရပြီး ရာထူးကနုတ်ထွက်ဖို့ ဖိအားပေးခံနေရပါတယ်။
ကမ္ဘောဒီးယားဟာ နယ်စပ်နေရာ ၄ ခု ပိုင်နက်အငြင်းပွားမှုအတွက် ဖြေရှင်းပေးဖို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ကို တိုင်ကြားထားပါတယ်။
Source: Reuters