DVB Logo
Home
နိုင်ငံတကာ
အစ္စရေး-အီရန် အပစ်ရပ်ပြီဟု ထရမ့်ပ်ကြေညာ၊ အစ္စရေးရပ်မှ ရပ်မည်ဟု အီရန်ထုတ်ပြန်
DVB
·
June 24, 2025
အစ္စရေး-အီရန် အပစ်ရပ်ပြီဟု ထရမ့်ပ်ကြေညာ၊ အစ္စရေးရပ်မှ ရပ်မည်ဟု အီရန်ထုတ်ပြန်
Donate to DVB

အစ္စရေးနဲ့ အီရန်အကြား အလုံးစုံအပစ်အခတ်ရပ်စဲတော့မှာဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က လူမှုကွန်ရက်ကနေ ကြေညာပါတယ်။

နှစ်ဖက်စစ်ဆင်ရေးတွေ အသီးသီး အရှိန်လျှော့ပြီးတာနဲ့အမျှ အခုချိန်ကစလို့ ခန့်မှန်းခြေ ၁၂ နာရီအတွင်း အပစ်အခတ်ရပ်စဲမှု စတင်မှာဖြစ်တယ်လို့ ထရမ့်ပ်က ကြေညာပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီးတော့ အစ္စရေးက တိုက်ခိုက်မှု ရပ်တန့်မယ်ဆိုရင် အီရန်ကလည်း ရပ်တန့်မယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးက တုံ့ပြန်ပါတယ်။

အစ္စရေးကတော့ တရားဝင် မှတ်ချက်ပေးတာ မရှိသေးပါဘူး။ ဒီလိုမကြေညာမီ အစောပိုင်းမှာ အီရန်ဟာ ကာတာမှာရှိတဲ့ အမေရိကန် လေတပ်စခန်းတခုကို တိုက်ခိုက်ခဲ့ပါသေးတယ်။

ဒါဟာ အီရန်နျူစခန်းတွေကို အမေရိကန်က တိုက်ခိုက်တဲ့အပေါ် လက်တုံ့ပြန်တာ ဖြစ်ပါတယ်။ ထရမ့်ပ်က အမေရိကန်ရော ကာတာနိုင်ငံသားတွေပါ အသေအပျောက် မရှိသလို အီရန်ရဲ့ တုံ့ပြန်မှုဟာ “အင်မတန်အားပျော့” လွန်းပြီးတော့ မတိုက်ခိုက်မီမှာ ကြိုတင်သတိပေးခဲ့တဲ့အတွက် ကျေးဇူးတင်တယ်လို့ပါ မှတ်ချက်ပေးခဲ့ပါတယ်။

အမေရိကန်ကွပ်ကဲနေတဲ့ အယ်လ်အူဒေးစခန်းကို တိုက်ခိုက်တဲ့ အီရန်ဒုံးကျည်အားလုံးကို ကြားဖြတ်ဟန့်တားနိုင်ခဲ့တယ်လို့ ကာတာကလည်း ထုတ်ပြန်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013