DVB Logo
Home
နိုင်ငံတကာ
NATO နိုင်ငံများ စစ်ရေးအသုံးစရိတ်တိုးရန် သဘောတူ၊ စပိန် လက်မခံ
DVB
·
June 23, 2025
NATO နိုင်ငံများ စစ်ရေးအသုံးစရိတ်တိုးရန် သဘောတူ၊ စပိန် လက်မခံ
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် တောင်းဆိုထားတဲ့အတိုင်း NATO အဖွဲ့ဝင်နိုင်ငံအသီးသီးရဲ့ ကာကွယ်ရေးအသုံးစရိတ်ကို ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု (GDP) ရဲ့ ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားဖို့ သဘောတူညီချက် ရရှိခဲ့ပါတယ်။

ဒါပေမဲ့ စပိန်နိုင်ငံကတော့ လိုက်နာစရာမလိုအပ်ဘူးလို့ တုံ့ပြန်ထားတဲ့အတွက် ကြေညာချက်မူကြမ်းကို ပြင်ဆင်ခဲ့ရတယ်လို့ သိရပါတယ်။

ဇွန် ၂၅ ရက်ကျရင် နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့မှာ NATO ထိပ်သီးဆွေးနွေးပွဲကျင်းပမှာ ဖြစ်ပါတယ်။

ခေါင်းဆောင်တွေ မတွေ့ဆုံမီ သဘောတူညီချက်တခု ရယူနိုင်ဖို့ NATO အတွင်းရေးမှူးချုပ် မတ်ခ်ရူတေက ဦးဆောင်ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။

ပင်မကာကွယ်ရေး အသုံးစရိတ်ကို ၂ ရာခိုင်နှုန်းကနေ ၃ ဒသမ ၅ ရာခိုင်နှုန်းကို တိုးမြှင့်ဖို့၊ ဆိုက်ဘာလုံခြုံရေးနဲ့ စစ်ယန္တရားတွေအတွက် လမ်းတွေ၊ တံတားတွေ အဆင့်မြှင့်ရေးအတွက် ၁ ဒသမ ၅ ရာခိုင်နှုန်း သုံးဖို့ အဆိုပြုထားတာ ဖြစ်ပါတယ်။

ဇွန် ၂၂ ရက်က သံတမန်တွေကြားမှာ စာသားအသုံးအနှုန်းကို သဘောတူညီခဲ့ကြပေမဲ့ ချက်ချင်းဆိုသလိုပဲ စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်က စပိန်ဟာ NATO ရဲ့ ပင်မ စစ်ရေးသတ်မှတ်ချက်အရ ဂျီဒီပီရဲ့ ၂ ဒသမ ၁ ရာခိုင်နှုန်း ပြည့်မီအောင်ပဲ သုံးစွဲမှာဖြစ်ပြီး ၅ ရာခိုင်နှုန်း ပြည့်မီအောင် လုပ်ပေးဖို့ တာဝန်မရှိဘူးလို့ ထုတ်ပြန်ပါတယ်။

ဥရောပနိုင်ငံတွေဟာ ကာကွယ်ရေးအတွက် လုံလောက်အောင်မသုံးဘူး၊ သတ်မှတ်ပမာဏ ပြည့်မီအောင် မသုံးရင် စစ်ဖြစ်လာတဲ့အခါ မကာကွယ်ပေးဘူးလို့ ထရမ့်ပ်က ခြိမ်းခြောက်ထားပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ကတည်းက ထရမ့်ပ်က စပိန်အနေနဲ့ လူတိုင်းပေးသလောက် ပေးရမှာဖြစ်တယ်လို့ သတိပေးခဲ့ပါတယ်။

ဒါပေမဲ့ အမေရိကန်ကတော့ ဥရောပတိုက်ကို နှစ်ရှည်လများ ကာကွယ်ပေးဖို့ အသုံးစရိတ် အကြီးအကျယ် သုံးစွဲခဲ့တာ ဖြစ်တဲ့အတွက် ၅ ရာခိုင်နှုန်း ပြည့်မီစရာ မလိုဘူးလို့ ထရမ့်ပ်က ပြောထားပါတယ်။

အမေရိကန်ဟာ ၂၀၂၄ ခုနှစ်အတွင်း ကာကွယ်ရေးအတွက် ဂျီဒီပီရဲ့ ၃ ဒသမ ၁၉ ရာခိုင်နှုန်း သုံးစွဲခဲ့ပါတယ်။

ပြန်လည်ပြင်ဆင်ထားရတဲ့ ကြေညာချက်ဟာ အဖွဲ့ဝင် ၃၂ နိုင်ငံက ခေါင်းဆောင်တွေ တက်ရောက်ဆွေးနွေးပြီး အတည်ပြုမှသာ တရားဝင်ဖြစ်လာမှာ ဖြစ်ပါတယ်။

“ကျွန်ုပ်တို့ ကတိပြုသည်” ဆိုတဲ့ စာသားနေရာမှာ “မဟာမိတ်များ ကတိပြုသည်” ဆိုတာမျိုး ပြင်ဆင်ထားရပြီး အဖွဲ့ဝင်အားလုံးအပေါ် မသက်ရောက်တဲ့သဘော ပြန်လည်ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013