DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးကို လက်နက်ခဲယမ်းများဖြင့် တောင်သာ ပကဖ ရဲမေအဖွဲ့က ဖမ်းဆီး
DVB
·
June 23, 2025
စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးကို လက်နက်ခဲယမ်းများဖြင့် တောင်သာ ပကဖ ရဲမေအဖွဲ့က ဖမ်းဆီး
Donate to DVB

မန္တလေးတိုင်း၊ မလှိုင်မြို့ပေါ်က စားသောက်ဆိုင်တဆိုင်မှာ သောက်စားမူးယစ်ပြီး အပြင်ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ တောင်သာ ပကဖ ရဲမေအဖွဲ့က ဇွန် ၂၂ ရက် မနက် ၉ နာရီဝန်းကျင်မှာ အရှင်ဖမ်းဆီးနိုင်ခဲ့ကြတယ်လို့ တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တောင်သာမြို့နယ် ပကဖ) ဆီကနေ သိရပါတယ်။

တောင်သာမြို့နယ် ပကဖ ရဲ့ ပြန်ကြားရေးတာဝန်ခံက “ရဲမေအဖွဲ့က လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းမိသူက စစ်သား တပ်ကြပ်ကြီးအဆင့်ရှိသူဖြစ်ပါတယ်။ မလှိုင်မြို့ပေါ်က စားသောက်ဆိုင်တဆိုင်မှာ သောက်စားမူးယစ်သောင်းကျန်းပြီးတော့ အပြင်ကို ကွမ်းယာထွက်ဝယ်တဲ့အချိန်မှာ ကျနော်တို့ ရဲမေအဖွဲ့က သတင်းအရ ပြောက်ကျားအသွင်ယူပြီး ကြိုတင်စောင့်ဆိုင်းဖမ်းဆီးနိုင်ခဲ့တာပါ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီး အောင်ဝင်းကို (တ-၄၈၃၂၄၃) ဖြစ်ပြီး MA1 လက်နက် ၁ လက်၊ ၅.၅၆ ကျည်အတောင့် ၂၅၀ တို့နဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

တောင်သာမြို့နယ် ပကဖ ရဲ့ တာဝန်ခံ ကိုကြည်စတားက “ကနဦး စစ်ဆေးချက်တွေအရ သူဟာ မိတ္ထီလာဘက်ကနေ မလှိုင်မှာ လုံခြုံရေးတာဝန်ကျနေတဲ့သူဖြစ်တယ်။ သူ့ကို သုံ့ပန်းဥပဒေနဲ့အညီပဲ လုံ ခြုံတဲ့တနေရာမှာ ထိန်းသိမ်းထားပြီးတော့ ဆက်စစ်ရဦးမှာတွေ ရှိနေသေးတယ်” လို့ DVB ကို ပြောပါတယ်။

တောင်သာမြို့နယ်ထဲကို စစ်ကောင်စီတပ်ရဲ့ ထောက်ပို့တွေ မဝင်ရောက်နိုင်ရေးအတွက် မြို့နယ်ချင်းဆက်လမ်းပိုင်းတွေကို အခုလအဆန်းပိုင်းက စတင်ပြီး ယာယီပိတ်ပင်ထားကာ တောင်သာမြို့နဲ့ ထိစပ်နေတဲ့ မြို့နယ်တွေမှာလည်း လုံခြုံရေး တိုးမြှင့်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

တောင်သာမြို့နယ် ပကဖ တပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဇွန် ၁၇ ရက်ကလည်း တောင်သာနယ်ထဲက လမ်းပိုင်းတနေရာမှာ လုံခြုံရေးစစ်ဆေးနေချိန် စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီး အောင်ဖြိုးကို အရှင်ဖမ်းဆီးရမိခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013