DVB Logo
Home
မြန်မာသတင်း
တနင်္သာရီ ခမရ ၅၅၇ တပ်ရင်းမှ တပ်သား ၂ ဦး ဘက်ပြောင်းခိုလှုံလာ
DVB
·
June 23, 2025
တနင်္သာရီ ခမရ ၅၅၇ တပ်ရင်းမှ တပ်သား ၂ ဦး ဘက်ပြောင်းခိုလှုံလာ
Donate to DVB

စစ်ကောင်စီရဲ့ အတင်းအဓမ္မတပ်သားသစ် စုဆောင်းခံရပြီး တနင်္သာရီမြို့နယ် အောက်ကင်းရွာ အခြေစိုက် ခမရ ၅၅၇ တပ်ရင်းမှာ တာဝန်ထမ်းဆောင်ခံရတဲ့ တပ်သား ၂ ယောက်ဟာ ဇွန် ၁၉ ရက်က လမ်းကင်းတာဝန်ကျနေစဥ် ထွက်ပြေးလာပြီး ဘက်ပြောင်းခိုလှုံလာတယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ကနေ ထုတ်ပြန်ထားပါတယ်။

တနင်္သာရီမြို့နယ် အောက်ကင်းရွာအခြေစိုက် ခမရ ၅၅၇ တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေရပြီး ဘန်းလမွတ်‌ နဲ့ ပနပ်ငယ်‌ကျေးရွာကြားမှာ လမ်းကင်းတာဝန်ကျနေချိန် ထွက်ပြေးလွတ်မြောက်လာပြီးတော့ ဆက်သွယ်ခိုလှုံလာခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“စကစရဲ့ အတင်းဖမ်းဆီးခံရလို့ တပ်သားဖြစ်တဲ့သူတွေဆိုတော့ ထွက်ပြေးဖို့ပဲ အမြဲကြံစည်နေတယ်လို့ ပြောတယ်။ အခုက အခွင့်ရေးရတာနဲ့ ထွက်ပြေးလာတာပါ။”

တပ်သား ၂ ယောက်ဟာ အပတ်စဥ် ၁ အတွက် စစ်မှုထမ်းဖို့ ဖမ်းဆီးစုဆောင်းခံရပြီး ရန်ကုန် တိုက်ကြီး၊ ဂျိုးဖြူ အမှတ်(၁) စစ်သင်တန်း၊ လေ့ကျင့်ရေး‌ကျောင်းမာ ၂ လတာ သင်တန်းတက်ခဲ့ရတယ်လို့ ဆိုပါတယ်။ 

ဒီနောက် ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် စကခ ၁၃ နဲ့ မြိတ်မြို့ ၁၀၃ တပ်ရင်းတို့ကို ထပ်မံရွှေ့ပြောင်းခံရပြီးမှ အဲ့ဒီကတဆင့် တနင်္သာရီမြို့နယ်၊ အောက်ကင်းရွာအခြေစိုက် ခမရ ၅၅၇ တပ်ရင်းဆီကို ပို့ဆောင်ခံလိုက်ရတယ်လို့ ပြောပါတယ်။

သူတို့ ၂ ယောက်ဟာ MA-3 ၂ လက်၊ ကျည်ဘောင် ၉ ဘောင်၊ ကျည်တောင့် ၂၄၀၊ ကျည်ကာတစုံနဲ့အတူ ထွက်ပြေးလာတာဖြစ်ပြီး လုံခြုံတဲ့နေရာမှာ စီစဥ်ဆောင်ရွက်ပေးထားတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ရေးသားဖော်ပြထားပါတယ်။

နောက်ထပ်ဘက်ပြောင်းလာမဲ့သူတွေကိုလည်း နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ကာ ဘက်ပြောင်းခိုလှုံလာကြဖို့လည်း တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013