
တရုတ်-အာဆီယံ ကာကွယ်ရေးနယ်ပယ် တတ်သိပညာရှင်တွေရဲ့ တတိယအကြိမ်မြောက် အမြင်ဖလှယ်ပွဲကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ကွေ့ကျိုးပြည်နယ်၊ ကွေ့ယန်မြို့မှာ ကျင်းပနေတာမှာ ကာကွယ်ရေး အရာရှိတွေ၊ ပညာရှင်တွေ၊ တရုတ်၊ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေနဲ့ အရှေ့တီမောတို့က အကြံပေးအဖွဲ့ ကိုယ်စားလှယ် အယောက် ၁၆၀ ကျော်တို့ တက်ရောက်ခဲ့ကြပါတယ်။
၂၀၁၈ ခုနှစ် တရုတ်-အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အလွတ်သဘော အစည်းအဝေးမှာ ရခဲ့တဲ့ အရေးကြီးတဲ့ အတိုင်းအတာတရပ်အဖြစ် ကာကွယ်ရေးနယ်ပယ်မှာ တရုတ်နဲ့ အာဆီယံနိုင်ငံတွေရဲ့ ဉာဏ်ပညာနဲ့ ခွန်အားကို စုစည်းဖို့၊ မဟာဗျူဟာမြောက် ဆက်ဆံရေးကို နက်ရှိုင်းစေခြင်း၊ လုံခြုံရေး၊ အပြန်အလှန် ယုံကြည်မှုကို မြှင့်တင်ဖို့နဲ့ ပိုမိုနီးကပ်တဲ့ တရုတ်-အာဆီယံ အသိုက်အဝန်း တည်ဆောက်ရေးအတွက် ပံ့ပိုးကူညီဖို့ ဒီပွဲက ရည်ရွယ်ပါတယ်။
ကြာသပတေးနေ့ကစတင်ကျင်းပတဲ့ ဖွင့်ပွဲအခမ်းအနားနဲ့ စုံညီအစည်းအဝေးအပြင် အခမ်းအနားမှာ ဆွေးနွေးတဲ့ အကြောင်းအရာတွေထဲမှာ နိုင်ငံတကာ အခင်းအကျင်း ဆင့်ကဲဖြစ်စဉ်အတွင်း အာဆီယံရဲ့ အခန်းကဏ္ဍ၊ ဒေသတွင်း လုံခြုံရေးဗိသုကာ ဆိုင်ရာ ယန္တရားဆန်းသစ်မှု၊ ရေကြောင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ အကျပ်အတည်း စီမံခန့်ခွဲမှု၊ စစ်ရေး အသုံးချမှုနဲ့ အုပ်ချုပ်မှုစနစ်တို့လည်း ပါဝင်ပါတယ်။
ဒီနှစ်ဟာ အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၂၅ ရဲ့ နောက်ဆုံးနှစ်ဖြစ်သလို အာဆီယံ အသိုက်အဝန်း မျှော်မှန်းချက် ၂၀၄၅ ရဲ့ ပထမနှစ်လည်း ဖြစ်ပါတယ်။
ဒီအခြေ အနေမှာ၊ ကျနော်တို့ရဲ့ နောက်တဆင့်က တရုတ်-အာဆီယံ ဘက်စုံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးကို နက်ရှိုင်းအောင် မြှင့်တင်ဖို့ ဖြစ်ပါတယ်လို့ တရုတ် စစ်ဘက်သိပ္ပံအကယ်ဒမီ၊ စစ်လေ့လာရေးကောလိပ်က သုတေသီ ယုရှောင်းဖန်က ပြောပါတယ်။
မဟာဗျူဟာအရ စစ်ရေးနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဟာ မိတ်ဖက်ဆက်ဆံရေးရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတခုလို့လည်း သူက ဆက်ပြောပါတယ်။
အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကို အပြန်အလှန် လေးစားမှု၊ တန်းတူရည်တူ ဆွေးနွေးညှိနှိုင်းမှုနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေအပေါ် အပြန်အလှန် လေးစားမှုတို့ကို အခြေခံပြီး ဒီပွဲကို ကျင်းပတာလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
လက်ရှိယန္တရားတွေအရ အခန်းကဏ္ဍကို ဆက်လက်လုပ်ဆောင်သင့်ပြီး လုံခြုံရေးအတွက် ဘက်စုံချဉ်းကပ်သင့်တယ်လို့လည်း ပညာရှင်တွေက ပြောခဲ့ကြပါတယ်။
Source: Reuters