DVB Logo
Home
မြန်မာသတင်း
အခြေခံပညာ ပြီးမြောက်ကြောင်း အကဲဖြတ်ခြင်း ဇွန် ၂၅ စမည်ဟု NUG ကြေညာ
DVB
·
June 22, 2025
အခြေခံပညာ ပြီးမြောက်ကြောင်း အကဲဖြတ်ခြင်း ဇွန် ၂၅ စမည်ဟု NUG ကြေညာ
Donate to DVB

၂၀၂၅ ခုနှစ်အတွက် အခြေခံပညာပြီးမြောက်ကြောင်း (စနစ်သစ် ဒွါဒသမတန်း)  စစ်ဆေးအကဲဖြတ်တာကို ဇွန် ၂၅ ရက်မှာ စမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ပညာရေးဝန်ကြီးဌာနက ဇွန် ၂၂ ရက် ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။

အွန်လိုင်း(Online) ကနေ ဖြေဆိုဖို့ လျှောက်ထားခဲ့ကြတဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ကျောင်းသားကျောင်းသူတွေဟာ ဇွန် ၂၅ ရက်ကနေ စက်တင်ဘာ ၂၅ ရက်အထိ အွန်လိုင်းကနေ ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။

မြေပြင် (Offline) မှာဖြေဆိုဖို့လျှောက်ထားခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ဖြေဆိုခွင့်မဆုံးရှုံးစေရေးနဲ့ နောက်ကျကျန်ခဲ့တာမဖြစ်ဖို့အတွက်လည်း ပညာရေးဝန်ကြီးဌာန အနေနဲ့ မြို့နယ်ပညာရေးဘုတ်အဖွဲ့တွေ၊ စာဖြေဌာနတွေနဲ့ ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် မြေပြင်မှာဖွင့်လှစ်နေတဲ့ ကြားကာလ ပြည်သူ့ပညာရေး ကျောင်းတွေအားလုံးကို ယာယီရပ်နားထားပြီး ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံတွေလုပ်နေလို့ အစီအမံတွေဆောင်ရွက်ပြီးချိန်မှာ သက်ဆိုင်ရာမြို့နယ်၊ စာဖြေဌာနတွေရဲ့ သတ်မှတ်ရက်မှာ စတင်ဖြေဆိုနိုင်မယ်လို့ ဆိုပါတယ်။

အွန်လိုင်းကနေဖြေဆိုဖို့လျှောက်ထားရာမှာ ကျောင်းသား၊ ကျောင်းသူတချို့ဟာ လျှောက်ထားနည်းလမ်းညွှန်ကို သေသေချာချာမဖတ်မိတာ၊ မလေ့လာမိတာ၊ နည်းပညာအခက်အခဲ ဒါမှမဟုတ် အင်တာနက်အခက်အခဲကြောင့် ID ရရှိပြီး နောက်တဆင့်ဖြစ်တဲ့ ဖြေဆိုဖို့စာရင်းသွင်းတဲ့အဆင့်ကို မလုပ်ဘဲကျန်ခဲ့တာမျိုးတွေရှိနေပြီး ဇွန် ၂၃ ရက် မနက်ဖြန် ည ၁၂ နာရီအထိ စာရင်းသွင်းခွင့်ပေးထားတယ်လို့လည်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ID အသစ်လျှောက်မယ့်သူတွေကိုတော့ ထပ်လက်မခံတော့ဘဲ စာရင်းသွင်းတာ အောင်မြင်လား ဆိုတာကို စစ်ဆေးဖို့ကိုလည်း လမ်းညွှန်ထားပါတယ်။

MES ထဲက စာရင်းသွင်းရန်ကို ဖြည့်သွင်းပြီးရင် ‘စစ်ဆေးအကဲဖြတ်မှုဆိုင်ရာအချက်အလက်များ’ MENU မှာ ပေါ်/မပေါ် ရှာဖို့၊ ဖြည့်စွက်ခဲ့တဲ့ အချက်အလက်တွေ ပေါ်/မပေါ်ကို စစ်ဆေးကြည့်ပြီး အဲဒီအချက်တွေတွေ့ရင် စာရင်းသွင်းတာ အောင်မြင်တယ်လို့ ဆိုပါတယ်။

စာရင်းသွင်းပြီးသူတွေဟာ https://mes.moeedu.org မှာ Moodle ID တွေ ရယူပြီး https://lms.moeedu.org ကနေ ဝင်ရောက်ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013