
ဂျပန်နိုင်ငံမှာ အရန်ဆန်စပါးပမာဏ လျော့နည်းလာလို့ မမျှော်လင့်ထားတဲ့ အခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်ဖို့ အရေးပေါ်ဆန်တင်သွင်းဖို့ ဂျပန်အစိုးရက ဆုံးဖြတ်ခဲ့တယ်လို့ စိုက်ပျိုးရေး၊ သစ်တောနဲ့ ရေလုပ်ငန်းဝန်ကြီးဌာနက သောကြာနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အစိုးရရဲ့ အရန်ဆန်တွေ ဈေးကွက်ထဲကိုအမြောက်အမြား တင်ပို့ရောင်းချပြီးတဲ့နောက် အရန်ဆန် သိုလှောင်မှုဟာ တန်ချိန် တသိန်းခွဲအထိ ကျဆင်းသွားခဲ့တာပါ။
ဂျပန်ဟာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)မှာ ‘အနိမ့်ဆုံးဝင်ရောက်ခွင့်’ သဘောတူညီချက်အရ နှစ်စဉ် ဆန်တန်ချိန် ၇၇၀,၀၀၀ လောက် တင်သွင်းနေပြီး အဓိကစားနပ်ရိက္ခာအတွက် တန်ချိန် ၁ သိန်း၊ တိရစ္ဆာန်အစာနဲ့ ပြုပြင်ထုတ်လုပ်တဲ့ပစ္စည်းတွေအတွက် ကျန်တဲ့ဆန်တွေကို ခွဲဝေချထားပေးပါတယ်။
အဓိကစားနပ်ရိက္ခာအဖြစ် တင်သွင်းတဲ့ ဆန်လေလံပွဲတွေကို စက်တင်ဘာလအစောပိုင်းမှာ ကျင်းပလေ့ရှိပြီး တိရစ္ဆာန်အစားအစာနဲ့ ပြုပြင်ထုတ်လုပ်တဲ့ စားနပ်ရိက္ခာအတွက် ဆန်လေလံပွဲကိုတော့ သြဂုတ်လမှာ ကျင်းပပါတယ်။
ဒါပေမဲ့ အခုနှစ်မှာတော့ ဂျပန်အစိုးရက အစောဆုံးလေလံပွဲကို ဇွန်လကုန်မှာကျင်းပရေး အချိန်ရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
Source: Reuters