DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့ ဆုတောင်းပွဲ ဗန်ကူးဗားတွင် ကျင်းပ
DVB
·
June 22, 2025
ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့ ဆုတောင်းပွဲ ဗန်ကူးဗားတွင် ကျင်းပ
1 / 9
Donate to DVB

လူထုခေါင်းဆောင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ ဆုတောင်းပွဲနဲ့ ရန်ပုံငွေဈေးရောင်းပွဲကို ကနေဒါနိုင်ငံ၊ ဗြိတိသျှကိုလံဘီယာပြည်နယ်၊ ဗန်ကူးဗား၊ ဆာရေးမြို့နယ်ရှိ Royal Kwantlen  ပန်းခြံမှာ  ဒေသစံတော်ချိန် ဇွန် ၂၁ ရက် မွန်းလွဲပိုင်းက  ကျင်းပပါတယ်။

မွေးနေ့ ဆုတောင်းပွဲမှာ ဗန်းကူးဗားရောက် မြန်မာအသိုက်အဝန်းနဲ့ တိုင်းရင်းသားပြည်သူတွေ၊ မျိုးဆက်အသီးသီးက တက်ကြွလှုပ်ရှားသူတွေလာရောက် ပူးပေါင်းပါဝင်ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည် အသက်ရာကျော်ရှည်ပြီး နေကောင်းကျန်းမာစေဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေးအတွက် မိုးပျံပူဖောင်းတွေလွှတ်ပြီး ဆုတောင်းပေးခဲ့ကြ ပါတယ်။

ဒါ့အပြင် မုန့်ဟင်းခါး၊ အသုတ်စုံ၊ ရှမ်းခေါက်ဆွဲ၊ တို့ဟူးသုတ်၊ ပဲပြုတ်နဲ့ ကောက်ညှင်းပေါင်း၊ မုန့်ဖက်ထုပ်စတဲ့  မြန်မာ့ရိုးရာ စားသောက်ဖွယ်ရာတွေကို ရောင်းချပြီး ရန်ပုံငွေရှာခဲ့ကြပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့လှုပ်ရှားမှုအဖြစ် ဗန်ကူးဗားမြို့မှာ ဆုတောင်းပွဲနဲ့  ဈေးရောင်းပွဲ အပြင် ဆန္ဒပြပွဲတွေ၊ ပန်းသပိတ်နဲ့  မိနစ် ၈၀ ကြာ လမ်းလျှောက်တဲ့ လှုပ်ရှားမှုတွေကိုလည်း အခုသီတင်းပတ်အတွင်း ပြုလုပ်ခဲ့ပါတယ်။

ဇွန် ၁၉ ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့အထိမ်းအမှတ် အဖြစ် မြန်မာပြည်တွင်းမှာရော ပြည်ပနိုင်ငံတွေဖြစ်တဲ့ ကနေဒါ၊ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှား၊ ထိုင်းနဲ့ ဥရောပနိုင်ငံတွေမှလည်း ပုံစံမျိုးစုံနဲ့ ကျင်းပခဲ့ပြီး ကမ္ဘာ့သတင်းစာမျက်နှာတွေမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြောင်းတွေကို တဖန်ပြန်လည် ရေးသားဖော်ပြတာ မြင်တွေ့ခဲ့ရပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကမ်င်အဲရစ် (ခ) ကိုထိန်လင်း ဦးဆောင်ပြီး လုပ်ဆောင်ခဲ့တဲ့ မွေးနေ့ဆုတောင်း ဗီဒီယို ရုပ်သံတွေဟာလည်း ရည်မှန်းထားတဲ့ အရေအတွက် ၈၀,၀၀၀ ထက်ကို ကျော်လွန်ပြီး ၁၁၀,၁၀၀  အထိရောက်ရှိခဲ့ပါတယ်။

https://www.facebook.com/photo/?fbid=1017505000555008&set=pcb.1308460634038929
Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013