
ကလပ်ကမ္ဘာ့ဖလားအုပ်စုဒုတိယပွဲစဉ်မှာ အင်တာမိုင်ယာမီအသင်းက မက်ဆီရဲ့ ဖရီးကစ်သွင်းဂိုးနဲ့ ပေါ်တိုအသင်းကို အနိုင်ရသွားပါတယ်။
ပွဲချိန် ၈ မိနစ်ကတည်းက ပေါ်တိုအသင်းက ဦးဆောင်ဂိုးစတင်ရရှိခဲ့ပေမဲ့ ပွဲချိန် ၄၇ မိနစ်မှာ ဆက်ဂိုဗီယာက ချေပဂိုးသွင်းခဲ့ပြီး ပွဲချိန် ၅၄ မိနစ်မှာ မက်ဆီက ပြိုင်ဘက် ဂိုးဧရိယာထိပ်မှာရရှိတဲ့ ဖရီးကစ်ကနေ တိုက်ရိုက်ကန်သွင်းယူသွားခဲ့တာပါ။
အင်တာမိုင်ယာမီအတွက် အံ့အားသင့်စရာနိုင်ပွဲဖြစ်ပြီး ပေါ်တိုအသင်းလောက် ဂိုးကန်သွင်းခွင့် မရခဲ့ပေမဲ့ ရရှိလာတဲ့ ဂိုးသွင်းခွင့်တွေကို အပိုင်အသုံးချပြီး ကလပ်ကမ္ဘာ့ဖလားမှာ ပထမဆုံး နိုင်ပွဲရှာဖွေနိုင်ခဲ့တာပါ။
၂ ပွဲကစား ၁ ပွဲနိုင် ၁ ပွဲသရေရလဒ်ရရှိထားတဲ့အင်တာမိုင်ယာမီအသင်းဟာ ဘရာဇီးကလပ် ပါမီးယားယက်စ်နဲ့အတူ အုပ်စုမှာ ဦးဆောင်နေပြီး နောက်တဆင့်တက်ဖို့ အခြေအနေကောင်းသွားခဲ့ပါတယ်။
Photo: Reuters