DVB Logo
Home
အားကစား
မက်ဆီ၏ ဖရီးကစ်သွင်းဂိုးဖြင့် ပေါ်တိုအသင်းကို အင်တာမိုင်ယာမီအသင်းအနိုင်ရ
DVB
·
June 21, 2025
မက်ဆီ၏ ဖရီးကစ်သွင်းဂိုးဖြင့် ပေါ်တိုအသင်းကို အင်တာမိုင်ယာမီအသင်းအနိုင်ရ
Donate to DVB

ကလပ်ကမ္ဘာ့ဖလားအုပ်စုဒုတိယပွဲစဉ်မှာ အင်တာမိုင်ယာမီအသင်းက မက်ဆီရဲ့ ဖရီးကစ်သွင်းဂိုးနဲ့ ပေါ်တိုအသင်းကို အနိုင်ရသွားပါတယ်။

ပွဲချိန် ၈ မိနစ်ကတည်းက ပေါ်တိုအသင်းက ဦးဆောင်ဂိုးစတင်ရရှိခဲ့ပေမဲ့ ပွဲချိန် ၄၇ မိနစ်မှာ ဆက်ဂိုဗီယာက ချေပဂိုးသွင်းခဲ့ပြီး  ပွဲချိန် ၅၄ မိနစ်မှာ မက်ဆီက ပြိုင်ဘက် ဂိုးဧရိယာထိပ်မှာရရှိတဲ့ ဖရီးကစ်ကနေ တိုက်ရိုက်ကန်သွင်းယူသွားခဲ့တာပါ။

အင်တာမိုင်ယာမီအတွက် အံ့အားသင့်စရာနိုင်ပွဲဖြစ်ပြီး ပေါ်တိုအသင်းလောက် ဂိုးကန်သွင်းခွင့် မရခဲ့ပေမဲ့ ရရှိလာတဲ့ ဂိုးသွင်းခွင့်တွေကို အပိုင်အသုံးချပြီး ကလပ်ကမ္ဘာ့ဖလားမှာ ပထမဆုံး နိုင်ပွဲရှာဖွေနိုင်ခဲ့တာပါ။

၂ ပွဲကစား ၁ ပွဲနိုင် ၁ ပွဲသရေရလဒ်ရရှိထားတဲ့အင်တာမိုင်ယာမီအသင်းဟာ ဘရာဇီးကလပ် ပါမီးယားယက်စ်နဲ့အတူ အုပ်စုမှာ ဦးဆောင်နေပြီး နောက်တဆင့်တက်ဖို့ အခြေအနေကောင်းသွားခဲ့ပါတယ်။ 

Photo: Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013