DVB Logo
Home
မြန်မာသတင်း
SSPP နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် MNDAA  ဆုတ်ခွာပေးရန် သဘောတူ
DVB
·
June 20, 2025
SSPP နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် MNDAA  ဆုတ်ခွာပေးရန် သဘောတူ
Donate to DVB

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်တော် (MNDAA) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့အကြား ဇွန် ၁၇ ရက် တွေ့ဆုံဆွေးနွေးမှုမှာ  MNDAA ဘက်က ဆုတ်ခွာပေးဖို့ သဘောတူညီခဲ့ကြောင်း MNDAA နဲ့ နီးစပ်သူတွေနဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

MNDAA နဲ့ နီးစပ်တဲ့ ဒေသခံတယောက်က “ဇွန်လ ၁၈ ရက်နေ့ ညနေမှာပဲ SSPP နဲ့ ထိပ်တိုက်ရင်ဆိုင်နေတဲ့ အနေအထားကနေ MNDAA တပ်ဖွဲ့က စပြီး ဆုတ်သွားပါတယ်။ MNDAA ကပဲ တပ်ဆုတ်ရပါမယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေက နယ်မြေအငြင်းပွားမှုနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ သီပေါနဲ့ လားရှိုးမြို့နယ်တွေမှာ MNDAA ဘက်က လိုအပ်တဲ့ တပ်ဆုတ်ခွာမှုတွေနဲ့ သဘောတူ ပြေလည်မှု ရခဲ့လို့ MNDAA ဘက်ကပဲ အလျှော့ပေး ဆုတ်ခွာပေးတဲ့သဘောလို့ သူက ပြောပါတယ်။

MNDAA နဲ့ SSPP တို့ရဲ့ တွေ့ဆုံဆွေးနွေးပွဲကို ဇွန် ၁၇ ရက်က လားရှိုးမြို့နယ်၊ လုပ်ဝိုင်ကျေးရွာအုပ်စု၊ သံလွင်ရွာမှာ ပြုလုပ်ခဲ့ပြီး နှစ်ဖက်ခေါင်းဆောင်တွေ ညှိနှိုင်းတွေ့ဆုံမှု အောင်မြင်ကြောင်း MNDAA ဘက်က သတင်းထုတ်ထားပါတယ်။

နှစ်ဖက်စလုံးရဲ့ အငြင်းပွားမှုတွေကို ထိန်းချုပ်ဖို့နဲ့ ပဋိပက္ခ နည်းပါးစေဖို့ ဆွေးနွေးခဲ့ကြပြီး လတ်တလော ပေါ်ပေါက်လာတဲ့ အမြင်ကွဲလွဲမှုနဲ့ သဘောထားကွဲလွဲမှု ကိစ္စတွေနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ သဘောတူညီခဲ့တယ်လို့ ဖော်ပြထားပါတယ်။

MNDAA အနေနဲ့ တခြား ဘယ်တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းနဲ့မှ ပဋိပက္ခ ဖြစ်ပွားလိုခြင်း မရှိကြောင်းလည်း ဖော်ပြထားပါတယ်။

တွေ့ဆုံဆွေးနွေးပွဲမှာ UWSA ရဲ့ ၇၁၀ ရှေ့တန်း ဒုတိယကွပ်ကဲရေးမှူး Mr. Bao Ni Guo ဦးဆောင် ကိုယ်စားလှယ်အဖွဲ့၊ MNDAA ဒုတိယစစ်ဦးစီးချုပ်ဗိုလ်ချုပ် Mr. Peng De Jun နဲ့ ကိုယ်စားလှယ်အဖွဲ့တွေ၊ SSPP ဘက်က ဒုတိယတပ်မှူးချုပ် ဗိုလ်ချုပ်ကြီး ဦးနိုင်ဖ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ၁၄ ယောက်တို့ တက်ရောက်ခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်နဲ့ သီပေါမြို့နယ် နေရာတချို့မှာ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်း ကနေ အခု ဇွန်လဆန်းပိုင်းအတွင်း MNDAA နဲ့ SSPP တို့အကြား နယ်မြေအငြင်းပွားမှုကြောင့် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013