DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်း ဗီဒီယိုပေါင်း ၁၁၀,၁၀၀ ရရှိပြီး အောင်မြင်စွာပိတ်သိမ်း
DVB
·
June 20, 2025
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်း ဗီဒီယိုပေါင်း ၁၁၀,၁၀၀ ရရှိပြီး အောင်မြင်စွာပိတ်သိမ်း
Donate to DVB

နေပြည်တော်မှာ အကျဉ်းကျခံနေရတဲ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ဆုတောင်း ဗီဒီယိုပေါင်း ၁၁၀,၀၀၀ ကျော်ရရှိခဲ့တယ်လို့  ကမ်ပိန်းရဲ့ တရားဝင်စာမျက်နှာကနေ ထုတ်ပြန်ပါတယ်။

မွေးနေ့ဆုတောင်း ဗီဒီယိုဖိုင်ပေါင်း ၈၀,၀၀၀ နဲ့ ကမ္ဘာမှာ အရေအတွက်အများဆုံး ဂင်းနစ် စံချိန်တင်ဖို့ ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့တဲ့ ကမ်ပိန်းဟာ သတ်မှတ်ရက်မရောက်ခင်မှာပဲ ပြည့်သွားတာဖြစ်ပြီး မွေးနေ့ရက်ဖြစ်တဲ့ ဇွန် ၁၉ ရက်ညပိုင်းမှာတော့ ဗီဒီယိုပေါင်း ၁၁၀,၁၀၀ နဲ့ အောင်မြင်စွာပိတ်သိမ်းလိုက်တဲ့ အကြောင်း ကန်းပိန်းအဖွဲ့က ကြေညာထားပါတယ်။

ဒီကမ်ပိန်းကိုဦးဆောင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ်က “ဒီလို မွေးနေ့ဆုတောင်းဗီဒီယို စံချိန်သစ်တင်နိုင်ခဲ့တာက မေမေ့ကို ထောက်ခံအားပေးသူတွေ တကမ္ဘာလုံးမှာ ရှိနေတယ်ဆိုတဲ့ သက်သေပါပဲ။ ဒီကနေတဆင့် သူနဲ့ မြန်မာပြည်သူတွေခံစားနေရတဲ့ ဒုက္ခဆင်းရဲကို [နိုင်ငံတကာက] အမြန်ဆုံးသိနိုင်ပါစေလို့ ကျနော်မျှော်လင့်ပါတယ်။ [စစ်ကောင်စီအနေနဲ့] သူ့ရဲ့စကားသံကို ပိတ်ပင်ထားလို့ရချင်ရမယ်၊ သူ့ရဲ့ အရှိန်အဝါကိုတော့ မှေးမှိန်အောင်လုပ်လို့ရမှာ မဟုတ်ပါဘူး”လို့ DVB ကိုပြောပါတယ်။

မွေးနေ့ဆုတောင်းဗီဒီယိုကို Happy Birthday နဲ့ စတင်ရမှာဖြစ်ပြီး စု ဆိုတဲ့ စကားလုံး ပါဝင်ရမှာ ဖြစ်သလို စက္ကန့် ၃၀ ထက်မပိုတဲ့ ဗီဒီယိုကို 100 MB  ထက်  မပိုစေဘဲ တယောက်ကို ဗီဒီယို တခုသာ ပေးပို့ပါဝင်ကြဖို့ ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးလှုပ်ရှားမှုတွေကို မြန်မာပြည်တွင်းနဲ့ ပြည်ပ နိုင်ငံတွေမှာ ပုံစံမျိုးစုံနဲ့ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ 

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက ဖမ်းဆီးအကျဉ်းချထားတာဖြစ်ပြီး  စုစုပေါင်း အမှု ၁၉ မှုထဲက အမှု ၅ မှုကို ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့တဲ့အတွက် ကျန်တဲ့ ၁၄ မှုအတွက် ထောင်ဒဏ် ၂၇ နှစ် ဆက်လက်ကျခံရဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013