
အမေရိကန်ဆေးဘက်ဆိုင်ရာတပ်ဖွဲ့တွေက ဇွန် ၁၆ ရက်မှာ အက်စ်တိုးနီးယားနိုင်ငံ၊ တာလင်မြို့နား က မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ နေတိုးရဲ့ တက်ကြွတဲ့ စစ်သည်တော်လို့ အဓိပ္ပာယ် ရတဲ့ Vigorous Warrior လေ့ကျင့်ခန်းမှာ ပါဝင်လေ့ကျင့်ခဲ့ပါတယ်။
အင်ဒီယားနားနဲ့ မေရီလန်းပြည်နယ် အမျိုးသားအစောင့်တပ်က စစ်သားအယောက် ၁၂၀လောက် အပြင် ဆလိုဗေးနီးယား၊ ဂျော်ဂျီယာ၊ ဘော့စနီးယား၊ ပိုလန်နဲ့ ဘူလ်ဂေးရီးယားနိုင်ငံတို့က စစ်သား တွေလည်း လေ့ကျင့်ခန်းမှာ တစိတ်တပိုင်း ပါဝင်လေ့ကျင့်ခဲ့ပါတယ်။
လေ့ကျင့်ခဲ့တဲ့ ဆေးဘက်ဆိုင်ရာ အရေးပေါ်လေ့ကျင့်ခန်းတွေထဲမှာ စစ်မြေပြင်မှာ ကုသခံယူနေတဲ့ ထိခိုက် ဒဏ်ရာရသူတွေကို အမေရိကန် စစ်မြေပြင်ဆေးရုံဆီ ပို့တဲ့ပုံစံနဲ့ လေ့ကျင့်တာလည်း ပါပါတယ်။
အမေရိကန်အမျိုးသားအစောင့်တပ်က တပ်ကြပ်ကြီး တယောက်က ဆေးရုံရဲ့ အသေးစိတ် အချက်အလက်တွေကို ရှင်းပြခဲ့ပါတယ်။
ကျနော်တို့ရဲ့ စစ်မြေပြင်ဆေးရုံဖြစ်တဲ့ Role 2 မှာ အမေရိကန်ပြည်ထောင်စုတဝန်းက တခြားအမျိုးသားအစောင့်တပ်တွေနဲ့ အတူ နိုင်ငံအများကြီးက ပူးပေါင်းဆောင်ရွက်နေပါတယ်။
Role 2 ဆေးရုံရဲ့ အစိတ်အပိုင်း တခုဖြစ်ပြီး လူနာတွေနဲ့ စစ်မြေပြင်မှာ ထိခိုက်ဒဏ်ရာရသူတွေ အတွက် ထပ်ဆောင်း စောင့်ရှောက်မှုတွေ ပေးနေတယ်လို့ သူက ပြောခဲ့ပါတယ်။
Source:Reuters











