
ဆော်ဒီကလပ် အယ်လ်ဟီလာနဲ့ သရေပွဲကနေ သင်ခန်းစာယူသွားဖို့ လိုအပ်ကြောင်း ရီးရဲလ်မက်ဒရစ်နည်းပြ ဇာဗီအလွန်ဆိုက ပြောသွားပါတယ်။
ရီးရဲလ်အသင်းဟာ နည်းပြသစ် အလွန်ဆိုရဲ့ ပွဲဦးထွက်မှာ တဂိုးစီသရေနဲ့သာ ကျေနပ်ခဲ့ရတာပါ။ ကွင်းလယ်လူ ဗယ်ဗာဒီရဲ့ ပင်နယ်တီကန်သွင်းချက် ဂိုးမဝင်ခဲ့တာဟာလည်း ရီးရဲလ်အသင်းကို နိုင်ပွဲနဲ့ ဝေးစေခဲ့တာပါ။
ပထမပိုင်းခြေစွမ်းက ဒုတိယပိုင်းလောက် ကောင်းမွန်ခြင်း မရှိခဲ့ကြောင်းနဲ့ ဒုတိယပိုင်းမှာ ပိုကောင်းတဲ့အခွင့်အရေးတွေ ရခဲ့သလို ပွဲကိုလည်း ပိုမိုထိန်းချုပ်နိုင်ခဲ့ကြောင်း၊ ပွဲတိုင်းကို အပေါင်းလက္ခဏာအဖြစ် ရှုမြင်ဖို့လိုအပ်ပြီး ခြေစွမ်းတိုးတက်လာဖို့အတွက် ပွဲတိုင်းကနေ သင်ခန်းစာယူသွားရမှာဖြစ်ကြောင်း နည်းပြအလွန်ဆိုက ပြောသွားပါတယ်။
ပွဲချိန် မိနစ် ၈၀ မှာ တိုက်စစ်မှူး ဗင်နီဆီးယက်စ် ဒဏ်ရာရသလိုဖြစ်ခဲ့လို့ လူစားလဲခဲ့ရပေမဲ့ ကွင်းအခြေအနေနဲ့ ရာသီဥတု ပူပြင်းမှုကြောင့်သာဖြစ်ကြောင်း နည်းပြ အလွန်ဆိုက ရှင်းလင်းသွားပါတယ်။