DVB Logo
Home
မြန်မာသတင်း
ပုလဲမြို့နယ် ကန့်ဒေါင့်ရဲစခန်းကို PLA သိမ်းပိုက်
DVB
·
June 19, 2025
ပုလဲမြို့နယ် ကန့်ဒေါင့်ရဲစခန်းကို PLA သိမ်းပိုက်
Donate to DVB

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်နယ်မြေခံရဲစခန်းကို ဇွန် ၁၉ ရက် မနက် ၆ နာရီ ၄၀ မိနစ်မှာ PLA အဖွဲ့က အပြည့်အဝ စခန်းသိမ်းနိုင်ခဲ့တယ်လို့ ဒေသတွင်း တော်လှန်ရေးအဖွဲ့ ခေါင်းဆောင်တွေထံကနေ သိရပါတယ်။

အခုစခန်းသိမ်းပွဲကို PLA အဖွဲ့ အပါအဝင် ABSDF ကျောင်းသားတပ်မတော်၊ ကျားသစ်နက် အပါအဝင် ယင်းမာပင်ခရိုင်အတွင်းက တပ်ရင်းတပ်ဖွဲ့တွေနဲ့ ဒေသတွင်း LPDF တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဒေသခံတယောက်က “အခုတိုက်ပွဲကတော့ အဘက်ဘက်မှာရှိတဲ့ MOD တပ်ရင်းတွေရော LPDF‌ တွေရော အခု PLA၊ ABSDF၊ MMDA အားလုံးညီညွတ်လို့ အောင်မြင်မှုရခဲ့တာလို့ ပြောလို့ရတယ်။ ဖြတ်တောက်ရေးက ဖြတ်တောက်ရေးအပိုင်းကို နိုင်နိုင်နင်းနင်း ဖြတ်တောက်ကြတယ်။ အတွင်းတိုက်ခိုက်ရေးကလည်း ထူးထူးချွန်ချွန် တိုက်ခိုက်လို့ အောင်မြင်မှုရခဲ့တာ” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ကန့်ဒေါင့်စခန်း ကျသွားတာကြောင့် ဇွန် ၁၉ ရက် မနက်ပိုင်းကစတင်ပြီး အင်မထီးပျူရွာကနေ စစ်ကြောင်း ၃ ကြောင်းခွဲကာ ကန့်ဒေါင့်ရွာဘက်ကို စစ်ကြောင်းထိုးနေတယ်လို့လည်း သိရပါတယ်။

ABSDF အဖွဲ့ ခေါင်းဆောင် ကိုဇေယျက “စစ်ရေးတစုံတရာလုံးကို ကျနော်မသိဘူးဗျ။ ကျနော်တို့အဖွဲ့က ဖြတ်တောက်ရေးအပိုင်းမှာ တာဝန်ယူထားတာပါ။ စခန်းအတွင်း ချေမှုန်းရေး အပိုင်းကတော့ PLA အဖွဲ့က တာဝန်ယူထားပါတယ်။ စစ်ရေးထုတ်ပြန်ချက်ကို PLA က ထုတ်ပြန်လာပါလိမ့်မယ်” လို့ ပြောပါတယ်။

DVB အနေနဲ့ ကန့်ဒေါင့်စခန်းသိမ်းစစ်ဆင်ရေး တခုလုံးကို သိရှိနိုင်အောင် PLA အဖွဲ့ကို Signal ကနေ ချိတ်ဆက်ခဲ့ပေမဲ့ တစုံတရာ အကြောင်းပြန်ဖြေကြားတာ မရှိသေးပါဘူး။

ကန့်ဒေါင့်ရွာ စစ်ကောင်စီ နယ်မြေခံရဲစခန်းကို ဇွန် ၂ ရက်က စတင်ပြီး ဇွန် ၁၉ ရက်အထိ ၁၈ ရက်ကြာ တိုက်ပွဲဖြစ်ပွားပြီး စခန်းသိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ရက်ရှည်တိုက်ပွဲဖြစ်တာကတကြောင်း၊‌ စစ်တပ်ရဲ့ တိုက်ပွဲဖြစ်စဉ်တလျှောက်လုံး လေကြောင်းတိုက်ခိုက်မှု အကြိမ်များစွာ ဗုံးကြဲချခဲ့တာကြောင့် ဒေသခံအများအပြား စစ်ဘေး ရှောင်နေကြရတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013