DVB Logo
Home
နိုင်ငံတကာ
Waymo မောင်းသူမဲ့ကားများ နယူးယောက်တွင် ပြေးဆွဲခွင့်လိုင်စင်လျှောက်
DVB
·
June 19, 2025
Waymo မောင်းသူမဲ့ကားများ နယူးယောက်တွင် ပြေးဆွဲခွင့်လိုင်စင်လျှောက်
Donate to DVB

Waymo မောင်းသူမဲ့ကားတွေ နယူးယောက်မြို့မှာ အလိုအလျောက် မောင်းနှင်မှုအတွက် လိုင်စင် လျှောက်ထားလိုက်ပြီ ဖြစ်ကာ နောက်လကစပြီး စမ်းသပ်သွားမယ်လို့ ဂူးဂဲလ်ရဲ့ မိခင်ကုမ္ပဏီ Alphabet က ထုတ်ပြန်ပါတယ်။

robotaxis လို့ခေါ်တဲ့ မောင်းသူမဲ့တက္ကစီ ဝန်ဆောင်မှုအတွက် Waymo နဲ့ Tesla ဟာ စမ်းသပ်မှု အပြိုင်ချဲ့ထွင်နေကြတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အရေးပေါ်အခြေအနေအတွက် လေ့ကျင့်ပေးထားတဲ့ ကျွမ်းကျင်သူက စတီယာရင်နောက်မှာ ထိုင်ပြီးလိုက်ဦးမှာ ဖြစ်ပါတယ်။

လက်ရှိမှာ နယူးယောက်ပြည်နယ် ဥပဒေအရ စတီယာရင်နောက်မှာ လူမပါဘဲ ယာဉ်တစီးကို မောင်းနှင်ခွင့် ပေးမထားသေးပါဘူး။ ဒီဥပဒေ ပြင်ဖို့အတွက်လည်း Waymo က လှုံ့ဆော်ထားပါတယ်။

မောင်းသူမဲ့ကား ဝန်ဆောင်မှုကို ဆန်ဖရန်စစ္စကို ကျွန်းဆွယ်ပိုင်းနဲ့ ဆီလီကွန်တောင်ကြား ဧရိယာတွေမှာလည်း ချဲ့ထွင်သွားမယ်လို့ ကုမ္ပဏီက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့လကလည်း ကယ်လီဖိုနီးယားပြည်နယ်မှာ လုပ်ငန်းတိုးချဲ့ဖို့ ခွင့်ပြုချက် ရထားပါတယ်။

Waymo ဟာ အမေရိကန်မှာ အခပေးခရီးသည် သယ်ဆောင်တဲ့ robotaxi ဝန်ဆောင်မှုကို လည်ပတ်ခွင့်ရထားတဲ့ တခုတည်းသော လုပ်ငန်းဖြစ်ပါတယ်။

ယာဉ်အစီးရေ ၁,၅၀၀ ကျော်နဲ့ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုနဲ့ လော့စ်အိန်ဂျလိစ်၊ အရီဇိုးနားပြည်နယ် ဖီးနစ်၊ တက္ကဆက်ပြည်နယ် အော်စတင်တို့မှာ လုပ်ငန်းလည်ပတ်နေပြီးတော့ တပတ်ကို စီးနင်းမှု အကြိမ်ရေ နှစ်သိန်းခွဲထိ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013