စစ်ကောင်စီရဲ့ မတရားဖမ်းဆီး အကျဉ်းချခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ အခမ်းအနားကို ကချင်ပြည်နယ်၊ ဖားကန့်မြို့မှ ဇွန် ၁၉ ရက် ဒီနေ့မနက်က ကျင်းပပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ အကျဉ်းထောင်တွေမှာ မတရား ဖမ်းဆီးခံထားရသူတွေ လွတ်မြောက်ဖို့နဲ့ တနိုင်ငံလုံးရှိ ပြည်သူတွေ အမြန်ဆုံး စစ်အာဏာရှင်လက်အောက်ကနေ လွတ်မြောက်ဖို့လည်း ဖားကန့်ပြည်သူတွေက ဆုတောင်းခဲ့ကြပါတယ်။
ဒါ့အပြင် စစ်ကောင်စီ ကျင်းပဖို့စီစဉ်နေတဲ့ တရားမဝင်ရွေးကောက်ပွဲကို တနိုင်ငံလုံး ဆန့်ကျင်ကြဖို့နဲ့ တနိုင်ငံလုံး နွေဦးတော်လှန်ရေးအောင်မြင်တဲ့အထိ ပူးပေါင်းပါဝင်ကြဖို့လည်း ပြည်သူလူထုကို တောင်းဆိုခဲ့ပါတယ်။