Homeသတင်းဓာတ်ပုံ
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ သွေးလှူပွဲနှင့် ဆွမ်းကပ် အလှူပေးပွဲများ မဲဆောက်တွင် ကျင်းပ (ဓာတ်ပုံ)
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ သွေးလှူပွဲနှင့် ဆွမ်းကပ် အလှူပေးပွဲများ မဲဆောက်တွင် ကျင်းပ (ဓာတ်ပုံ)
DVB
·
June 19, 2025
နေပြည်တော်မှာ ၄ နှစ်ကျော်ကြာ ချုပ်နှောင်ခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူပွဲကို ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ ဆေးရုံကြီးမှာ OIA အဝေးရောက်ဧရာဝတီအသင်းက ဦးဆောင် ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် မစိုးစိုး စားသောက်ဆိုင်မှာလည်း မွေးနေ့အလှူ စတုဒိသာ ကျွေးမွေးခဲ့သလို မဲဆောက်မြို့ တောရဘုန်းတော်ကြီးကျောင်းမှာလည်း အပြည်ပြည်ဆိုင်ရာ ပဲခူးတိုင်းအသင်းက ဦးဆောင်ပြီး မွေးနေ့ဆွမ်းကပ် လှူဒါန်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။