
တိုင်းပြည်ရဲ့ အနာဂတ်ကို ဖန်တီးရာမှာ အရေးပါတဲ့ ကျောင်းသားလူငယ်တွေရဲ့ ရှေ့ရေးကို မျှော်တွေးပြီး "ပညာရေးနှင့်ကျန်းမာရေးကဏ္ဍ" မှ တာဝန်ထမ်းဆောင်သူတွေရဲ့ ရွေးချယ်မှုအပေါ် အနှောင့်အယှက်၊ အဟန့်အတား ပြုလုပ်သွားမှာမဟုတ်ဘူးလို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) က ဇွန် ၁၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
"ပညာရေးနှင့်ကျန်းမာရေးကဏ္ဍ" ဟာ ကာလရှည်ကြာရပ်တန့်ထားလို့ မရတဲ့ အရေးကြီးကဏ္ဍတွေ ဖြစ်တာကြောင့် တာဝန်ထမ်းဆောင်သူတွေနဲ့ ပတ်သက်တဲ့ သဘောထားကို အများပြည်သူသိစေဖို့ အခုလိုထုတ်ပြန်တာလို့ ဆိုပါတယ်။
ဒါ့အပြင် ပညာရေး၊ ကျန်းမာရေး ဝန်ထမ်းတွေအနေနဲ့ အခက်အခဲတွေ၊ ထိခိုက်မှုတွေ ကြုံရရင်လည်း တတ်နိုင်သမျှ ကူညီသွားမယ်လို့ ဆိုထားပါတယ်။
ဒါပေမဲ့ အဲဒီကဏ္ဍတွေက ဝန်ထမ်းတွေအနေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ လုပ်ငန်းတွေကို မနှောင့်ယှက်ဖို့လည်း BNRA က ပြင်းပြင်းထန်ထန် သတိပေးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါထားတယ်။
ကေခိုင်