
၂၀၂၃ အောက်တိုဘာ ၇ ရက် စစ်ပွဲစတင်ကတည်းက ဂါဇာနဲ့ အနောက်ဘက်ကမ်းမှာ အစ္စရေး တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း ကျောင်းသားနဲ့ ပညာရေးဝန်ထမ်း ၂၀,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ အောက်တိုဘာ ၇ ရက်မှာ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဂါဇာက အစိုးရကျောင်း ၁၇၉ ကျောင်းထက်မနည်း အလုံးစုံပျက်စီးပြီး UNRWA ကျောင်း ၁၀၅ ကျောင်းလည်း ထိခိုက်ခဲ့တယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဟားမတ်စ်အုပ်ချုပ်တဲ့ ဂါဇာအစိုးရ မီဒီယာရုံးရဲ့ ထုတ်ပြန်ချက်အရလည်း ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ ၃ နှစ်အတွင်း ဂါဇာဟာ အပြင်းထန်ဆုံး လူအသေအပျောက်နဲ့ စီးပွားရေး ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဖြစ်ပွားနေဆဲ ပဋိပက္ခကြောင့် ဂါဇာမှာ လူပေါင်း ၇၄,၀၀၀ ကျော် သေဆုံးပြီး လူ ၂ သန်းကျော် နေရပ်စွန့်ခွာခဲ့ရကာ တိုက်ရိုက်စီးပွားရေး ဆုံးရှုံးမှု ဒေါ်လာ ၈၁ ဘီလီယံနီးပါး ရှိတယ်လို့ ဆိုပါတယ်။
စီးပွားရေးထိခိုက်မှုမှာ လူနေအိမ်ရာ ဒေါ်လာ ၃၄ ဘီလီယံနဲ့ အဆိုးရွားဆုံးဖြစ်ပြီး ကျန်းမာရေးနဲ့ မြို့ပြဝန်ဆောင်မှု တခုချင်းစီမှာ ဒေါ်လာ ၆ ဘီလီယံဆီ၊ စီးပွားရေး/စက်မှု/စိုက်ပျိုးရေး စုစုပေါင်း ဒေါ်လာ ၁၃ ဘီလီယံနီးပါး ဆုံးရှုံးခဲ့ကာ ကြေးနန်းနဲ့ ပညာရေးကဏ္ဍတွေပါ ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့ပါတယ်။
ပိတ်ဆို့မှုနဲ့ ပဋိပက္ခကြောင့် ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်း ထိခိုက်ခဲ့ရပြီး ဂါဇာရဲ့ စိုက်ပျိုးရေးမြေနဲ့ ဖန်လုံအိမ် ၈၇ ရာခိုင်နှုန်းကျော် ပျက်စီးကာ စိုက်ပျိုးရေးရေတွင်း ၈,၇၀၀ သုံးမရတော့ဘဲ နှစ်စဉ် သစ်သီးနဲ့ ဟင်းသီးဟင်းရွက်ထွက်ကုန် တန်ပေါင်း ၅ သိန်းကျော်ကနေ တန် ၂ သောင်းလောက်အထိ ကျဆင်းသွားခဲ့ပါတယ်။
၃ နှစ်တာအတွင်း အစ္စရေးစစ်တပ်ဟာ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတန်ချိန် ၂၃၀,၀၀၀ ကျော် ကြဲချခဲ့တာကြောင့် အဆောက်အအုံ ၃၃၅,၀၀၀ ကျော် အပါအဝင် ဒေသတခုလုံးရဲ့ ၉၀ ရာခိုင်နှုန်းကျော် ပျက်စီးခဲ့ရပါတယ်။
အစ္စရေးစစ်တပ်ဟာ စစ်ရေးလှုပ်ရှားမှုနဲ့ အတင်းအကျပ် နေရပ်ရွှေ့ပြောင်းခိုင်းမှုတွေကြောင့် လက်ရှိမှာ ဂါဇာနယ်မြေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားပါတယ်။
ဂါဇာမှာ သေဆုံးသူ ၇၄၀,၀၀၀ ကျော် ရှိလာပြီး အပျက်အစီးအောက်မှာ ပိတ်မိ ဒါမှမဟုတ် ပျောက်ဆုံးသူ ၉,၅၀၀ လောက် ရှိနေကာ သေဆုံးသူရဲ့ ၅၅ ရာခိုင်နှုန်းကျော်ဟာ ကလေး၊ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေ ဖြစ်ပါတယ်။
ဒါ့အပြင် ကျန်းမာရေးဝန်ထမ်း ၁,၇၂၃ ယောက်၊ အရပ်ဘက် ကာကွယ်ရေး/ရှာဖွေကယ်ဆယ်ရေး ၁၄၉ ယောက်နဲ့ မီဒီယာကျွမ်းကျင်ပညာရှင် ၂၆၂ ယောက်လည်း အသက်ဆုံးရှုံးခဲ့ပါတယ်။
ဂါဇာရှိ ဆေးရုံ ၃၈ ရုံထဲက ၁၉ ရုံသာ တစိတ်တပိုင်း လည်ပတ်နိုင်တော့ပြီး မြောက်ပိုင်းနဲ့ ရာဖာဒေသတို့မှာ ဆေးဘက်ဆိုင်ရာဝန်ဆောင်မှု လုံးဝပြိုလဲသွားပါပြီ။
ဂါဇာတဝန်း ကျောင်းအဆောက်အအုံ ၉၇ ရာခိုင်နှုန်း ထိခိုက်ပျက်စီးပြီး ကျောင်းသား ၇၄၀,၀၀၀ ကျော် ပညာသင်ကြားခွင့် ဆုံးရှုံးနေရပါတယ်။
အစ္စရေးက ကူညီကယ်ဆယ်ရေး လမ်းကြောင်းတွေကို ပိတ်ဆို့တာကြောင့် လူသားချင်းစာနာမှု ဘေးအန္တရာယ် ကျရောက်ခဲ့ပြီး ပြင်းထန်တဲ့ ဆာလောင်မွတ်သိပ်မှုနဲ့ အာဟာရချို့တဲ့မှုကြောင့် ကလေးငယ် ၁၆၄ ယောက် အပါအဝင် လူ ၄၆၀ သေဆုံးခဲ့ရပါတယ်။
Source: Reuters











