DVB Logo
Home
အားကစား
တိုက်စစ်မှူးသစ် ဒလတ်ပ်ကို ပွဲထွက်ခွင့်အာမခံချက် ပေးမထားဟု နည်းပြမာရက်စ်ကာ ပြော
DVB
·
June 19, 2025
တိုက်စစ်မှူးသစ် ဒလတ်ပ်ကို ပွဲထွက်ခွင့်အာမခံချက် ပေးမထားဟု နည်းပြမာရက်စ်ကာ ပြော
Donate to DVB

တိုက်စစ်မှူးသစ် လီယန်ဒလတ်ပ်ကို ပွဲထွက်ခွင့်အတွက် အာမခံချက် ပေးမထားကြောင်း ချဲလ်ဆီးနည်းပြ မာရက်စ်ကာက ပြောသွားပါတယ်။

ဒလတ်ပ်ဟာ LAFC ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ ကလပ်ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်မှာ လူစားဝင်ကစားခွင့်ရခဲ့ပြီး တဂိုးဖန်တီးပေးနိုင်ခဲ့သူပါ။

ကစားသမားတယောက်ကို ပွဲထွက်ခွင့်ပေးမယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ဘူးကြောင်း၊ တခြားသူထက် ပိုပြီးကြိုးစားကစားနိုင်သူကိုသာ ပွဲထွက်ခွင့်ပေးမှာဖြစ်ကြောင်း၊ ဒလတ်ပ်ကိုလည်း တခြား နံပါတ် ၉ တိုက်စစ်မှူးထက် ပိုပြီး ကြိုးစားကစားနိုင်မှသာ ပွဲထွက်ခွင့်ပေးမှာဖြစ်ကြောင်း နည်းပြမာရက်စ်ကာက ပြောပါတယ်။

အသက် ၂၂ နှစ်ရှိ မန်စီးတီးအကယ်ဒမီထွက် တိုက်စစ်မှူးဟာ မနှစ်က အစ်ဆွစ်အသင်းမှာ ၁၂ ဂိုး သွင်းခဲ့ပြီး အနာဂတ်မှာ အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့နေရာမှာ အစားဝင်လာနိုင်သူလို့ ချီးကျူးခံနေရသူ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013