Home
အားကစား
ရီးရဲလ်အသင်းနှင့် လေ့ကျင့်ရေးအစီအစဉ်က ကွဲပြားခြားနားဟု အာနိုးလ်ပြော
DVB
·
June 19, 2025
Photo: Reuters

ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လေ့ကျင့်ရေးအစီအစဉ်က ပုံမှန်လေ့ကျင့်နေကျပုံစံနဲ့ ကွဲပြားခြားနားကြောင်း ကစားသမား အာနိုးလ်က ပြောသွားပါတယ်။

အာနိုးလ်ဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ကစားဖို့ ရီးရဲလ်အသင်းနဲ့အတူ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါမြို့မှာ ပူးပေါင်းလေ့ကျင့်နေတာပါ။

အပူချိန်မြင့်မားတဲ့ ရာသီဥတုမှာ လေ့ကျင့်ရတာက ကောင်းမွန်သလို အသင်းသစ်နဲ့ လေ့ကျင့်ခန်းတွေက စံနှုန်းမြင့်မားပြီး ဘောလုံးရွေ့လျားမှုကလည်း အလွန်မြန်ကြောင်း အာနိုးလ်က ပြောပါတယ်။

ရီးရဲလ်အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေဟာ မိမိလေ့ကျင့်နေကျပုံစံနဲ့ ကွဲထွက်နေပေမဲ့ ဒီလိုအပြောင်းအလဲအပေါ် ကျေနပ်ပျော်ရွှင်မိပြီး အသင်းရဲ့ အစိတ်အပိုင်းတခု ဖြစ်ခွင့်ရတဲ့ အပေါ်မှာလည်း ကျေနပ်ပျော်ရွှင်မိကြောင်း အာနိုးလ်က ပြောပါတယ်။

အသက် ၂၆ နှစ်ရှိ အင်္ဂလန်ညာနောက်ခံလူဟာ လီဗာပူးရဲ့ စာချုပ်သစ်ကမ်းလှမ်းချက်ကို ပယ်ချကာ စိန်ခေါ်မှုအသစ်တွေအတွက်ဆိုပြီး ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့သွားတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024