DVB Logo
Home
မြန်မာသတင်း
နယ်မြေအငြင်းပွားနေသည့် SSPP နှင့် MNDAA တို့ ဒုတိယအကြိမ်ဆွေးနွေးမှု ပြေလည်မှုမရ
DVB
·
June 18, 2025
နယ်မြေအငြင်းပွားနေသည့် SSPP နှင့် MNDAA တို့ ဒုတိယအကြိမ်ဆွေးနွေးမှု ပြေလည်မှုမရ
Donate to DVB

ရှမ်းမြောက်မှာ နယ်မြေအငြင်းပွားနေတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ ကိုးကန့်တပ် (MNDAA) တို့ ဇွန် ၁၇ ရက်က တွေ့ဆုံတဲ့ ဒုတိယအကြိမ်ဆွေးနွေးမှု မအောင်မြင်ဘူးလို့ SSPP စစ်ရေးသတင်းအရင်းအမြစ်ဆီက သိရပါတယ်။

SSPP နဲ့ MNDAA တို့ဟာ မနေ့ ဇွန် ၁၇ ရက်က လားရှိုးမြို့နယ်၊ နမ့်ပေါင်အနီးက သံလွင်တရုတ်ရွာမှာ ဒုတိယအကြိမ် တနေကုန်ဆွေးနွေးတာမှာ ပြေလည်မှုမရကြဘူးလို့ သူကဆိုပါတယ်။

SSPP စစ်ရေးသတင်းအရင်းအမြစ်က “မနေ့က ဘာမှ ဆွေးနွေးပွဲမအောင်မြင်ဘဲနဲ့ ပြီးဆုံးသွားတယ်။ မဖြေမထွက်ဘူး။ SSPP က ဟိုယတို့ နမ့်ပေါင်တို့ကနေပြီးတော့ MNDAA ကို ဆုတ်ခိုင်းတာပေါ့။ အဲဒါကို အဖြေမရဘူးပေါ့။ MNDAA ဘက်က ပြန်မဆုတ်ဘူးဆိုတော့ ဆွေးနွေးပွဲ မအောင်မြင်ဘူးပေါ့” လို့ ပြောပါတယ်။

အဲဒီဆွေးနွေးပွဲကို SSPP ဘက်က အခွန်ဌာနက ဌာနမှူးလည်းဖြစ် ဒုတိယစစ်ဦးစီးချုပ်လည်း ဖြစ်သူ ကိုယ်တိုင် တက်ရောက်ပြီး MNDAA ဘက်ကလည်း စစ်ဦးစီးချုပ်တွေ၊ နယ်မြေမှူးတွေ တက်တယ်လို့ သိရပါတယ်။

နှစ်ဖက်တပ်တွေဟာ ဖုန်းနဲ့ အရင်ဆုံး စကားပြောဆိုပြီး SSPP ဌာနချုပ် ဝမ်ဟိုင်းမှာ အစည်းအဝေးလုပ်ဖို့ MNDAA ဘက်က အဆိုပြုခဲ့ပေမဲ့ SSPP ဘက်က လက်မခံလို့ ဒီသံလွင်တရုတ်ရွာမှာ ဆွေးနွေးပွဲလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီအစည်းအဝေး ပြေလည်မှုမရတာကိုလည်း MNDAA စစ်ရေးသတင်းအရင်းအမြစ်က အတည်ပြုပြီး သီးခြားပြောဆိုတာတော့ မရှိပါဘူး။

MNDAA တပ်တွေကို SSPP ဘက်က ဆုတ်ခွာခိုင်းတဲ့ နမ့်ပေါင်၊ နမ့်မ၊ ဟိုယ နေရာတွေဟာ နှစ်ပေါင်းများစွာ SSPP တပ်တွေ ခြေချခဲ့တဲ့နေရာတွေဖြစ်ပြီး MNDAA ဟာ လားရှိုးကနေ ဧပြီ ၂၁ ရက်က ဆုတ်ခွာပြီးနောက်မှ SSPP တပ်တွေကို ဆုတ်ခွာခိုင်းပြီး အခြေချနေတာလို့ ဆိုပါတယ်။

ရှမ်းမြောက် လားရှိုး၊ သီပေါမြို့နယ်တွေမှာ SSPP နဲ့ MNDAA တပ်တွေဟာ ပြီးခဲ့တဲ့လကစပြီး နယ်မြေအငြင်းပွားမှုတွေကြောင့် ပစ်ခတ်မှုတွေဖြစ်လို့ ပထမအကြိမ် တွေ့ဆုံဆွေးနွေးမှုကို UWSA ဌာနချုပ် ပန်ဆိုင်းမှာလုပ်ခဲ့ကြပေမဲ့ ပြေလည်မှုမရခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013