DVB Logo
Home
နိုင်ငံတကာ
အင်ဒိုနီးရှားမီးတောင်ပေါက်ကွဲမှု အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်
DVB
·
June 18, 2025
အင်ဒိုနီးရှားမီးတောင်ပေါက်ကွဲမှု အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်
Donate to DVB

အင်ဒိုနီးရှားနိုင်ငံက လီဝိုတိုဘီ  အမြွှာမီးတောင်ကြီးရဲ့ လာကီ-လာကီ မီးတောင်ထိပ်ဝကနေ ဇွန် ၁၇ ရက်မှာ ပြာမှုန်တိမ်တောင်တွေ ကောင်းကင်ယံ ၁၁ ကီလိုမီတာအထိ ထုတ်လွှတ်ခဲ့တာကြောင့် တာဝန်ရှိသူတွေက အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲဝန်းကျင်မှာ ပြာမှုန်တွေ ထုတ်လွှတ်ခဲ့တာဖြစ်ပြီး ခရီးသွားအလာများတဲ့ ဖလောရက်စ်ကျွန်းအထက် ကောင်းကင်ယံမှာ ဧရာမတိမ်ထုကြီးတွေ သဖွယ် ဖြစ်ပေါ်ခဲ့ပါတယ်။

လီဝိုတိုဘီ  မီးတောင်ကြီးမှာ မီးတောင်ဝ ၂ ခုရှိပါတယ်။ လက်ရှိမှာ  ၁,၅၈၄ မီတာ (တမိုင်) မြင့်တဲ့ ‘အဖိုတောင်’ ဖြစ်တဲ့ လာကီလာကီ မီးတောင်ဝကနေ ပြာမှုန်တွေထုတ်နေတာ ဖြစ်ပါတယ်။

၁,၇၀၃ မီတာမြင့်တဲ့ ‘အမတောင်’ လို့ အဓိပ္ပာယ်ရတဲ့ ပီယမ်ပူယန် မီးတောင်ဝကတော့ လက်ရှိမှာ တည်ငြိမ်နေပါတယ်။

လက်ရှိမှာ ပတ်ပတ်လည် ၇ ကီလိုမီတာ ဝန်းကျင်ကို ရှောင်ရှားရမယ့်ဇုန်အဖြစ် သတ်မှတ်ထားပါတယ်။

ဒီမီးတောင်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကလည်း အကြိမ်ကြိမ်ပေါက်ကွဲခဲ့ပြီး လူ ၉ ယောက် သေဆုံးစေခဲ့ကာ ထောင်ချီ ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ရပါတယ်။ မီးတောင်ပြာမှုန်တွေကြောင့်လည်း လေယာဉ်ခရီးစဉ် အများအပြား ရွှေ့ဆိုင်းခဲ့ရဖူးပါတယ်။

အနီးနားက ဒေသခံတွေ မီးတောင်ပြာမှုန်ဘေးက ကာကွယ်ဖို့ မတ်စ်တပ်ကြဖို့လည်း နှိုးဆော်ထားပါတယ်။ အနားက ရွာတရွာကိုတော့ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013