Home
မြန်မာသတင်း
SSPP နှင့် တိုက်ပွဲထပ်မဖြစ်ရန် ထိန်းသိမ်းထားဟု TNLA ပြော
DVB
·
June 18, 2025
Photo: SSPP နဲ့ နီးစပ်သူ

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်မှာ TNLA နဲ့ SSPP တို့အကြား တပ်အရွှေ့အပြောင်းလုပ်ချိန် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ နောက်ထပ် ထပ်မဖြစ်ဖို့ ထိန်းထားပြီလို့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်  (TNLA) ဘက်က ပြောပါတယ်။

TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက “လက်ရှိကတော့ ကျမတို့ကတော့ စာပို့ပြီးတော့မှ နောက်မှာ ဒီလိုမျိုး ထပ်မဖြစ်ဖို့နဲ့ ဒီကိစ္စကို ကျမတို့ဘက်ကတော့ ပစ်ခတ်မှုမရှိအောင် ကျမတို့ ထိန်းသိမ်းထားတဲ့ အခြေအနေ ဖြစ်ပါတယ်။ လက်ရှိကတော့ ဒီတိုင်းပဲ စာပို့ထားပါတယ်။ နှစ်ဖက် တွေ့ဆုံဆွေးနွေးနိုင်တဲ့ အခြေအနေမျိုးလည်း မရှိသေးပါဘူး” လို့ DVB ကို ပြောပါတယ်။

ကျောက်မဲမြို့နယ် ဟူးဆွန်မှာ ‌ဇွန် ၁၅ ရက်က TNLA နဲ့ SSPP တို့ တိုက်ပွဲဖြစ်ပွားတာဟာ တပ်အရွှေ့အပြောင်းလုပ်ချိန် ဖြစ်ပွားခဲ့တာလို့ ရှင်းပြပါတယ်။

“ကျောက်မဲမှာဖြစ်သွားတဲ့ ကိစ္စက ထိတွေ့တိုက်ပွဲ မဟုတ်ပါဘူး။ SSPP ဘက်က ပစ်ခတ်တာဖြစ်တယ်။ လွန်ခဲ့တဲ့ အဲဒီရက်မှာဆိုရင် ကျမတို့ ဒီ ဟူးဆွန်မှာရှိတဲ့ တပ်စခန်းကို ကျမတို့ TNLA ထိန်းသိမ်းထားတာဖြစ်တယ်။ နေရာယူထားတာ ဖြစ်တယ်။ သို့ပေမဲ့ အဲဒီရက်မှာ ဆိုရင် ကျမတို့ တပ်အပြောင်းအရွှေ့တွေ ရှိတယ်။ ခဏပြောင်းရွှေ့နေတဲ့အချိန်မှာ အဲနေ့မှာ ကျမတို့ TNLA တပ်သားက ဒီ တပ်အပြောင်းအရွှေ့တွေ ရှိနေတယ်။ ဆိုတော့ ကျမတို့ ခဏ ရွှေ့နေတဲ့အချိန်မှာ SSPP က ဝင်‌ရောက်ထိုင်တယ်။ အဲလို ထိုင်တဲ့အတွက်ကြောင့် ကျမတို့ ပြန်လာတိုက်ချိန် SSPP က ကျမတို့ကို ပစ်ခတ်တာ ဖြစ်ပါတယ်။”

အဲဒီပစ်ခတ်မှုကြောင့် TNLA ဘက်က တပ်သားတွေ သေဆုံးတာရှိသလို ထိခိုက်ဒဏ်ရာရတဲ့ လူတွေလည်း ရှိတယ်လို့   လွေးယေဦးက ပြောပါတယ်။

အဲဒီ ဟူးဆွန်ဘက်ကမ်းက အရင်ကတည်းက TNLA ဘက်က နေရာယူထားတဲ့ဘက်ကမ်း ဖြစ်ပါတယ်လို့ ဆိုပါတယ်။

SSPP နဲ့ နီးစပ်သူကတော့ ဇွန် ၁၅ ရက် ညနေ ၅ နာရီဝန်းကျင်ကနေ ၈ နာရီအထိ SSPP တွေ ရှိနေတဲ့ ဟူးဆွန်ဘက် TNLA အင်အား ၈၀ ခန့် စစ်ကြောင်း ၃ ကြောင်းထိုးလာရာက တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024