DVB Logo
Home
နိုင်ငံတကာ
နိုင်ဂျီးရီးယားတွင် သေနတ်သမားများ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၀၀ ကျော်ရှိလာ
DVB
·
June 18, 2025
နိုင်ဂျီးရီးယားတွင် သေနတ်သမားများ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၀၀ ကျော်ရှိလာ
Donate to DVB

နိုင်ဂျီးရီးယားနိုင်ငံ၊ ဘယ်နျူပြည်နယ်မှာ သီတင်းပတ်ကုန်ရက်က အမည်မသိ သေနတ်သမားတွေရဲ့ ရက်ရက်စက်စက် ပစ်ခတ်တိုက်ခိုက်တာခံခဲ့ရလို့ ယယ်ဝါထာ အသိုက်အဝန်းအတွင်း လူရာနဲ့ချီသေဆုံးပြီး အပျက်အစီးတွေ ရှိခဲ့ပါတယ်။

မီးလောင်ကျွမ်းခဲ့တဲ့ ရုပ်အလောင်းတွေ၊ ဖျက်ဆီးခံရတဲ့ နေအိမ်တွေနဲ့ မီးလောင်နေတဲ့ သီးနှံ ဆိုင်တွေဟာ တိုက်ခိုက်မှုအပြီး ရက်တော်တော်ကြာတဲ့အထိ မီးခိုးငွေ့တွေ ထွက်နေဆဲပါ။

သောကြာနေ့နှောင်းပိုင်းကနေ စနေနေ့အစောပိုင်းအထိဖြစ်ခဲ့တဲ့ ဒီတိုက်ခိုက်မှုအတွင်း လူ အယောက် ၁၀၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (နိုင်ဂျီးရီးယား) က ဇွန် ၁၄ ရက်မှာ ပြောပါတယ်။

ဘယ်နျူပြည်နယ်ဟာ နိုင်ဂျီးရီးယားရဲ့ အလယ်ခါးပတ်လောက်မှာ ရှိပြီး မွတ်စလင်အများစုနဲ့ ခရစ်ယာန်ဘာသာဝင် အများစုတို့ တွေ့ဆုံတဲ့ဒေသဖြစ်သလို ဒီဒေသဟာ မြေယာအသုံးပြုမှုနဲ့ ပတ်သက်လို့  ပြိုင်ဆိုင်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။

နွားတွေအတွက် စားကျက်မြေရှာကြတဲ့ နွားမွေးသူတွေနဲ့  ထွန်ယက်စိုက်ပျိုးဖို့ မြေလိုနေတဲ့ လယ်သမားတွေအကြား ပဋိပက္ခတွေကို ရင်ဆိုင်နေရပြီး ဒီတင်းမာမှုတွေဟာ လူမျိုးရေးနဲ့ ဘာသာရေး ကွဲပြားမှုတွေ ထပ်နေလို့လည်း အခြေအနေက ပိုဆိုးလာတတ်ပါတယ်။

အရင်လက နိုင်ဂျီးရီးယားအလယ်ပိုင်း ဘယ်နျူပြည်နယ်၊ ဂွယ်ဝက်စ်ခရိုင်မှာ တိုက်ခိုက်မှုတွေ အတွင်း သံသယဖြစ်စရာ နွားကျောင်းသားတွေ ပစ်သတ်ခံခဲ့ရပြီး လူ ၄၂ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

၂၀၁၉ ခုနှစ်ကတည်းက ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေကြောင့် ဒေသတွင်းမှာ လူအယောက် ၅၀၀ ကျော် သေဆုံးပြီး ၂ ဒသမ ၂ သန်းလောက် သူတို့ရဲ့ အိမ်တွေကို စွန့်ခွာခဲ့ရတယ်လို့ သုတေသနလုပ်ငန်း SBM Intelligenceက ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013