DVB Logo
Home
နိုင်ငံတကာ
အစ္စရေးနှင့် အီရန်သို့ ထိုင်းအလုပ်သမား ၂,၀၀၀ ကျော်ပို့ဆောင်မှုဆိုင်းငံ့ထား  
DVB
·
June 17, 2025
အစ္စရေးနှင့် အီရန်သို့ ထိုင်းအလုပ်သမား ၂,၀၀၀ ကျော်ပို့ဆောင်မှုဆိုင်းငံ့ထား  
Donate to DVB

 

အရှေ့အလယ်ပိုင်းဒေသ စစ်ရေးပဋိပက္ခတွေကြောင့် အစ္စရေးနဲ့ အီရန်နိုင်ငံကို ပို့ဆောင်မယ့် ထိုင်းအလုပ်သမားဦးရေ ၂,၀၀၀ ကျော်ကို  ဒီဇွန်လထဲမှာ မပို့ဆောင်တော့ဘဲ ဆိုင်းငံ့ထားတယ်လို့  ထိုင်းအလုပ်သမားဝန်ကြီးက ပြောပါတယ်။ 

ပဋိပက္ခဖြစ်ပွားနေတဲ့ အရှေ့အလယ်ပိုင်းမှာ ထိုင်းအလုပ်သမားဦးရေအယောက်  ၃၉,၅၀၀ ရှိတယ်။ အဲဒီထဲမှာ တရားဝင်အလုပ်သမားမှတ်ပုံတင်ရှိသူ အယောက် ၃၃,၀၀၀ နဲ့ အယောက် တရားမဝင်လုပ်သား  ၆,၅၀၀ ရှိပါတယ်။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေမှာ အယောက် ၂၉,၃၀၀ ၊ ဆောက်လုပ်ရေးမှာ အယောက် ၂,၅၀၀ ၊ အခြားစက်မှုလက်မှု လုပ်ငန်းခွင်မှာအယောက်  ၁,၂၀၀ လောက် ဝင်ရောက်လုပ်ကိုင်နေတယ်။ ပဋိပက္ခတွေကြားထဲမှာ ထိုင်းအလုပ်သမားတွေ ဘေးကင်းနေတယ်၊ ဒါပေမဲ့လည်း ဒီလထဲမှာ ပို့ဖို့ရှိတဲ့ ၂ ,၀၀၀ ကျော်ကိုတော့ ဆိုင်းငံ့ထားတယ်လို့  ထိုင်းအလုပ်သမားဝန်ကြီး နိုင်းဖိဖတ် ရာ့ချ်ကစ်ပရကန်က ဇွန် ၁၆ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။ 

အီရန်နိုင်ငံမှာ ယာယီ နဲ့ အမြဲတမ်းနေထိုင်သူ ထိုင်းနိုင်ငံသား ၂၅၀ မှ ၃၀၀ ထိရှိတယ်၊ တရားဝင် အလုပ်သမား ၃၉ ယောက်ရှိပြီး အများစုက တီဟီရန်နဲ့ အစ္စဖာဟန်မြို့ကြီးမှာနေပြီး ပဋိပက္ခကြောင့် ဘေးအန္တရာယ်ကျရောက်နေသူ မရှိသေးဘူးလို့ ဆိုပါတယ်။ 

“အစ္စရေး နဲ့ အီရန်က ထိုင်းအလုပ်သမားတွေဘယ်သူမှ ထိခိုက်ဒဏ်ရာရတာမရှိဘူး။  အလုပ်သမားဝန်ကြီးဌာနက သူတို့တဦးချင်းဆီကို ဆက်သွယ်မေးမြန်းပြီးပြီ၊ သူတို့အခြေအနေကို ၂၄ နာရီမပြတ် စောင့်ကြည့်နေပါတယ်၊ အရေးပေါ်အကူအညီပေးနိုင်အောင်လို့။”  

အစ္စရေးမှာ အရေးပေါ် အလုပ်သမားကူညီရေးစင်တာ ၁၆ ခုဖွင့်ထားတယ်၊ တစုံတရာဖြစ်ပေါ်ရင် ဂျော်ဒန်နိုင်ငံကို ကုန်းလမ်းကနေတိမ်းရှောင်ဖို့  ပြင်ဆင်ထားတယ်၊ သက်ဆိုင်ရာနိုင်ငံကိုလည်း ကြိုတင်ချိတ်ဆက်အကြောင်းကြားထားတယ်။ အရံလမ်းကြောင်းအနေနဲ့ ရေကြောင်းကနေ လှေနဲ့ တိမ်းရှောင်ဖို့လည်း ပြင်ဆင်ထားတယ်၊ ရေကြောင်းလမ်းကတော့ ၁၀ နာရီကျော် ကြာမြင့်မယ်လို့ ပြောပါတယ်။

ကနဦးအနေနဲ့  ဘေးကင်းတဲ့ နိုင်ငံကို အရင်ပို့ဆောင်မယ်။ အခြေအနေ ပိုကောင်းလာရင် ထိုင်းကို ပြန်ပို့စရာ မလိုဘဲ ဂျော်ဒန်မှာ နေခွင့်ရနိုင်တယ်။ ဒါပေမဲ့ ထိုင်းကို ပြန်လာချင်ရင် ပြန်ပို့မယ့် နည်းလမ်းကို ထိုင်းအစိုးရက ရှာပေးမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးက ပြောပါတယ် ။ 

ဒါ့အပြင် အခြေအနေကို တိုက်ရိုက်သိရှိဖို့  တဲလ်အဗစ်နဲ့  ယူအေအီးက အလုပ်သမားရေးရာ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့လည်း ဆွေးနွေးခဲ့တယ်။

အစ္စရေး အလုပ်သမားအေဂျင်စီတွေကလည်း   အလုပ်သမားအားလုံး စားရေးသောက်ရေး ဘေးကင်းလုံခြုံပြီး ကောင်းမွန်စွာ စောင့်ရှောက်မယ်လို့ ပြောတယ်။  ဆက်သွယ်ရေးစနစ်နဲ့  အရေးပေါ်တုံ့ပြန်ရေးအစီအစဥ်တွေမှာ  အနီးကပ် ပူးပေါင်းဆောင်ရွက်မှုကို ရခဲ့တယ်လို့ ဆိုပါတယ်။

“ဒီအချိန်က ပြင်းထန်တဲ့အဆင့်လို့ ယူဆတယ်။ တိုက်ပွဲတွေ ဘယ်လိုဖြစ်မလဲ၊ ဘယ်တော့ ပြီးမလဲ ဒါမှမဟုတ် ဘယ်တော့ ပြန်စမလဲဆိုတာတော့ ခန့်မှန်းလို့ မရဘူး။ ဒါကြောင့် ဘေးကင်းတဲ့ နေရာတွေမှာ နေဖို့ နှစ်နိုင်ငံလုံးမှာ အလုပ်လုပ်နေတဲ့ ထိုင်းလူမျိုးတွေနဲ့ ဆက်သွယ်ရမယ်။ ဥဩသံကြားရင် ကျေးဇူးပြုပြီး မြန်မြန်ခိုလှုံပါ။  တိုက်ပွဲဖြစ်နေတာကို ဖုန်းနဲ့ ဗွီဒီယိုရိုက်တာ လိုက်ဖ် လွှင့်တာတွေ ရှောင်ကြည်ပါ။ ဒုံးကျည်စတွေ သင့်အပေါ်ကို ကျရောက်နိုင်တဲ့ အန္တရာယ်ကို တိုးလာစေမယ်  ”  လို့  ထိုင်းအလုပ်သမားဝန်ကြီးက ပြောသွားပါတယ်။

Source: Banngkok Biznews 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013