DVB Logo
Home
မြန်မာသတင်း
စလင်းမြို့နယ်က တိုက်နယ်ရဲစခန်းမှူး ၁ ဦး ပကဖ ထံ အလင်းဝင် 
DVB
·
June 17, 2025
စလင်းမြို့နယ်က တိုက်နယ်ရဲစခန်းမှူး ၁ ဦး ပကဖ ထံ အလင်းဝင် 
Donate to DVB

မကွေးတိုင်း၊ စလင်းမြို့နယ်ထဲက တိုက်နယ်ရဲစခန်းမှူးတယောက်ဟာ ဇွန် ၁၅ ရက်နေ့၊ ညနေပိုင်းမှာ လက်နက်မပါဘဲ အလင်းဝင်ရောက်လာတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။

စလင်း ပကဖ ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုအောင်ဆန်း က “ကျနော်တို့ဆီကို အလင်းဝင်လာတဲ့သူက စလင်းမြို့နယ်ထဲမှာရှိတဲ့ တညောင်တိုက်နယ်ရဲစခန်းက စခန်းမှူးဖြစ်ပါတယ်။ သူ အလင်းဝင်လာတာက လက်နက်ခဲယမ်းတွေ ဘာတွေတော့ ပါမလာခဲ့ပါဘူး” လို့ ပြောပါတယ်။

အလင်းဝင်ရောက်လာတဲ့ စခန်းမှူးဟာ တညောင်တိုက်နယ်ရဲစခန်းကို အခု ဇွန်လဆန်းပိုင်းမှာ ပြောင်းရွှေ့တာဝန်ထမ်းဆောင်လာတာလို့ ဆိုပါတယ်။

စလင်း ပကဖ တာဝန်ခံ အမ်ဖိုး က “သူ့အဆင့်ကတော့ ဒုရဲမှူးအဆင့်ဖြစ်ပါတယ်။ တညောင်တိုက်နယ်ရဲစခန်းကို မရောက်ခင်က စလင်းမြို့နယ်ရဲမှူးရုံးမှာ ဒုမြို့နယ်ရဲမှူးရာထူးနဲ့ ၂ နှစ်လောက်နေခဲ့သေးတယ်။ စစ်တပ်ရဲ့အောက်မှာ ဥပဒေကို လုပ်ချင်သလိုလုပ်ပြီးတော့ လက်အောက်ငယ်သားတွေကို မဟုတ်တာတွေ မတရားခိုင်းစေနေလို့ အလင်းဝင်ဖို့ကို ကြိုတင်စီစဥ်ပြီးတော့မှ အခက်အခဲတွေကြားထဲကနေ အလင်းဝင်လာပြီး ကျနော်တို့နဲ့အတူပူးပေါင်းလာတာပါဗျ” လို့ DVB ကို ပြောပါတယ်။

အလင်းဝင်ရောက်လာတဲ့ တညောင်တိုက်နယ်ရဲစခန်းမှူးကို စလင်း ပကဖ က ကောင်းမွန်စွာ စောင့်ရှောက်ပေးထားပြီး စစ်ကောင်စီလက်အောက်မှာ ကျန်ရစ်နေကြသူတွေကိုလည်း ဆက်လက်ပြီး အလင်းဝင်ရောက်လာကြဖို့ ဖိတ်ခေါ်ထားပါတယ်။

စလင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားတာတွေရှိနေပြီး နယ်မြေတချို့မှာလည်း စစ်ရေးအခြေအနေတင်းမာနေတယ်လို့ စလင်း ပကဖ ဆီကနေ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က စလင်းမြို့နယ်ထဲ မကြာခဏစစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူသယ်ဆောင်ကာ လူနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေတဲ့အတွက် ဒေသခံတွ ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013