DVB Logo
Home
နိုင်ငံတကာ
ဩစတြေးလျတွင် ခင်ပွန်းဟောင်းမိသားစုအား မှိုအဆိပ်ခတ် သတ်မှု အပြီးသတ်လျှောက်လဲ
DVB
·
June 16, 2025
ဩစတြေးလျတွင် ခင်ပွန်းဟောင်းမိသားစုအား မှိုအဆိပ်ခတ် သတ်မှု အပြီးသတ်လျှောက်လဲ
Donate to DVB

ဩစတြေးလျနိုင်ငံမှာ ယောက္ခမဟောင်း ၂ ယောက်နဲ့ ယောင်းမတို့ကို  ဟင်းထဲမှာ မှိုအဆိပ်ခတ် သတ်တယ်လို့ စွပ်စွဲခံထားရတဲ့ အမှုနဲ့ ပတ်သက်ပြီး ဇွန် ၁၆ ရက် တရားရုံးမှာ နှစ်ဖက် အပြီးသတ် လျှောက်လဲချက် တင်ပြခဲ့ကြပါတယ်။

အသက် ၅၀ အရွယ် အီရင်ပက်တာဆန်ဟာ ခင်ပွန်းဟောင်းရဲ့ မိဘတွေနဲ့ ယောင်းမကို အဆိပ်ခတ် သတ်ဖြတ်မှုအပြင် ယောင်းမရဲ့ ခင်ပွန်းကို သတ်ဖြတ်ဖို့ ကြိုးပမ်းမှုနဲ့ပါ စွဲချက်တင်ခံထားရတာ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် ဇူလိုင် ၂၉ ရက်မှာ အဲဒီအမျိုးသမီးဟာ ခင်ပွန်းဟောင်းမိသားစုတွေကို တည်ခင်းကျွေးမွေးခဲ့တာ ဖြစ်ပါတယ်။

နောက်တနေ့မှာ ဧည့်သည် ၄ ယောက်စလုံး ဆေးရုံတင်ခဲ့ရပြီး အမဲသားနဲ့ အချိုပွဲတွေမှာ ပါဝင်တဲ့ သေစေနိုင်တဲ့ မှိုတမျိုး ပါဝင်နေတာကြောင့် ဖြစ်ပါတယ်။

ယောင်းမရဲ့ ခင်ပွန်းဖြစ်သူ တယောက်သာ အသည်းအစားထိုးလိုက်နိုင်လို့ အသက်ရှင်ကျန်ခဲ့တာ ဖြစ်ပါတယ်။

တရားလိုရှေ့နေတွေကတော့ ပက်တာဆင်ဟာ စားရင်သေနိုင်တဲ့ မှိုရှာဖွေ အခြောက်ခံပြီးတော့ တယောက်ချင်းစီစားတဲ့ အစာထဲ သေချာထည့်ခဲ့တာလို့ စွပ်စွဲပါတယ်။

ပက်တာဆင်ဘက်ကတော့ စွဲချက်တွေကို ငြင်းပြီးတော့ အင်မတန်ဆိုးရွားတဲ့ မတော်တဆမှုလို့ ခုခံထားပါတယ်။

တရားလိုရှေ့နေကတော့ ပက်တာဆင်ဟာ အဓိကလှည့်ဖြားမှုကြီး ၄ ခုလုပ်ပြီး သတ်ဖြတ်မှု ကျူးလွန်ခဲ့တာလို့ ဆိုပါတယ်။

အရင်ဆုံး သူဟာ ကင်ဆာရောဂါ ကုသမှု ခံယူနေရတယ်လို့ လိမ်လည်ပြီး ဧည်သည့်တွေ နေ့လယ်စာ လာစားဖို့ ခေါ်ခဲ့ကြောင်း၊ စားသောက်တဲ့ ဟင်းလျာထဲမှာ အဆိပ်ခတ်တဲ့အခါလည်း သူစားတဲ့အစာမှာ အဆိပ်မပါခဲ့ကြောင်း ထောက်ပြပါတယ်။

ဒါ့အပြင် သူ့အပေါ် သံသယမရှိအောင် သူပါ ဖျားနာဟန် ဆောင်ခဲ့ကြောင်း၊ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှသာ ဒီလို ဖုံးကွယ်လိမ်လည်ထားတာ ပေါ်ပေါက်ခဲ့ကြောင်း တရားလိုဘက်က စွပ်စွဲထားပါတယ်။

ဂျူရီ ၁၄ ယောက်ပါအဖွဲ့က ပက်တာဆင်မှာ အပြစ်ရှိ မရှိ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

ဗစ်တိုးရီးယားပြည်နယ်မှာ အမြင့်ဆုံးပြစ်ဒဏ်ဟာ တသက်တကျွန်းဖြစ်တဲ့အတွက် အီရင်ပက်တာဆင်ဟာ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၂၅ နှစ်အထိ ကျခံရနိုင်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013