DVB Logo
Home
မြန်မာသတင်း
စစ်တပ် လက်နက်ကြီးကြောင့် ရွှေဘို၊ အိုးဘိုရွာက ပြည်သူ ၃ ဦး ဒဏ်ရာရ
DVB
·
June 15, 2025
စစ်တပ် လက်နက်ကြီးကြောင့် ရွှေဘို၊ အိုးဘိုရွာက ပြည်သူ ၃ ဦး ဒဏ်ရာရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ အိုးဘိုရွာကို ဇွန် ၁၄ ရက်နေ့ ညပိုင်းမှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံ ၃ ယောက် ဒဏ်ရာရသွားပါတယ်။

ည ၁၁ နာရီခွဲအချိန်လောက်မှာ ရွှေဘိုမြို့ပေါ် ကညနရုံးမှာ အထိုင်ချနေတဲ့ စစ်တပ်က ပစ်ခတ်ခဲ့တာလို့လည်း သိရပါတယ်။

ဒေသခံတယောက်က “လက်နက်ကြီးနဲ့ပစ်ခတ်တာကတော့ နေစရာကို မရှိဘူးဗျာ။ ည ၁၁ နာရီခွဲကနေ စပစ်တာ မနက်ခင်း ၆ နာရီ ၂၅ မိနစ်မှာ ပစ်ခတ်တာ ရပ်သွားတယ်။ သူတို့ပစ်ခတ်လို့ ကျနော်တို့ရွာက ပြည်သူ ၃ ဦးကတော့ ကျည်စထိမှန်တယ်။ ၁ ဦးကတော့ စိုးရိမ်ရတယ်၊ ကျန် ၂ ‌ယောက်ကတော့ မစိုးရိမ်ရဘူး။ လူနေအိမ်တွေလည်း ပျက်စီးတာတွေရှိတယ်” လို့ ပြောပါတယ်။

ရွှေဘိုမြို့နယ်က စစ်တပ် အထိုင်ချနေတဲ့ ဆယ်ပင်ကျွန်းပျူရွာကို ဇွန် ၉ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်စခန်းသိမ်းပြီးချိန်ကစလို့ ရွှေဘိုမြို့ပေါ်က စစ်ကောင်စီတပ်တွေက နေ့တိုင်းလိုလို လက်နက်ကြီးနဲ့ပစ်ခတ်လာတယ်လို့ ဆိုပါတယ်။

ရွှေဘိုပြည်သူ့ကာကွယ်ရေးတပ် ခေါင်းဆောင် ကိုရှမ်းကြီးက “ပျူရွာကို ကျနော်တို့ဘက်က သိမ်းလိုက်လို့ သူတို့စခန်းကို လာသိမ်းမှာကို ကြောက်နေကြပြီလေ။ အဲဒါကြောင့် ကြောက်ချေးပါနေလို့ နေ့စဉ်လိုလို လက်နက်ကြီးနဲ့ပစ်ခတ်နေတာ။ ကြောက်မနေနဲ့ တနေ့ မင်းတို့စခန်းတွေလည်း လာသိမ်းမှာလို့ ဒီကနေ ပြောလိုက်မယ်။ မင်းတို့တတွေ အသက်မသေချင်ရင် ငါတို့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ပူးပေါင်းလိုက်ရင် ပြီးနေတာပဲ။ အခုဟာက မင်းတို့ပစ်တဲ့လက်နက်တွေက ငါတို့ပြည်သူ့ကာကွယ်ရေးတပ်တွေကို မထိဘဲ အရပ်သားတွေပဲ ထိခိုက်သေဆုံးနေရတာ မင်းတို့လည်း သိနေတာပဲ။ အခု အရပ်သားတွေ သေဆုံးပြီး လူနေအိမ်တွေလည်း ပျက်စီးတယ်။ မင်းတို့အတွက် ဘာအကျိုးသက်ရောက်မှုရှိလဲလို့ပဲ DVB ကနေ မေးလိုက်မယ်” လို့ ပြောပါတယ်။

စစ်တပ်ကတော့ ရွှေဘိုမြို့အဝင်-အထွက်ကားတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေပြီး ပြည်သူ့ကာကွယ်ရေးတပ် စိုးမိုးနယ်မြေကနေ လာရောက်‌ဈေးဝယ်ကြတဲ့ အရပ်သားတွေကို ဖမ်းဆီးတာမျိုးလည်းရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013