DVB Logo
Home
မြန်မာသတင်း
လားရှိုးတွင် တရုတ်ကြက်ဥများဝင်လာပြီး ဒေသထွက်ကြက်ဥ ရောင်းအားကျ
DVB
·
June 14, 2025
လားရှိုးတွင် တရုတ်ကြက်ဥများဝင်လာပြီး ဒေသထွက်ကြက်ဥ ရောင်းအားကျ
Donate to DVB

လားရှိုးမှာ တရုတ်ဘက်က ကြက်ဥတွေဝင်ရောက်လာတာကြောင့် ဒေသထွက်ကြက်ဥတွေ ရောင်းရခက်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လားရှိုးမှာ တရုတ်ကြက်ဥအလုံး ၃၀ ပါ တကတ်ကို ကျပ် ၉,၀၀၀ ပဲရှိပြီး လားရှိုးဒေသထွက် ကြက်ဥက အလုံး ၃၀ ပါ တကတ်ကို ကျပ် ၁၁,၀၀၀ ဈေးရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒေသခံ အမျိုးသမီးတယောက်က “တရုတ်ကြက်ဥက ဈေးပေါလို့ ပိုရောင်းကောင်းတယ်။ ကျောက်မဲကြက်ဥနဲ့ တရုတ်ကြက်ဥ ရောရောင်းတာလည်းရှိတယ်။ အရောက ဈေးနည်းနည်း သက်သာတယ်။ ဒေသထွက်က ဈေးကြီးတယ်” လို့ ပြောပါတယ်။

တရုတ်ကြက်ဥမဝင်ခင်က ဒေသထွက် ကြက်ဥ‌ အလုံး ၃၀ ပါ တကတ်ကို  ကျပ် ၁၄,၀၀၀ ထိ ဈေးရခဲ့ပြီး အခု တရုတ်ကြက်ဥဝင်လာလို့ ဒေသထွက် ကြက်ဥဈေးကျကုန်တာလို့ သူက ပြောပါတယ်။

တရုတ်ကြက်ဥတွေဟာ ချင်းရွှေဟော်ကတဆင့် ဝင်ရောက်လာတာဖြစ်ပြီး အလုံး ၃၀ ပါ ၁၂ ကတ်ရှိတဲ့ တဖာကိုမှ ကျပ် ၁၀၀.၀၀၀ ကျပ်၊ လားရှိုးခြံထွက်ကြက်ဥကတော့ တဖာကို ၁၃၈,၀၀၀ နဲ့ ၁၄၀,၀၀၀ ကျပ် ကြားရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီနဲ့ MNDAA တို့အကြား အပစ်အခတ် ရပ်စဲပြီးနောက် တရုတ်ဘက်က MNDAA ထိန်းချုပ်ဒေသက တရုတ်နယ်စပ်ဂိတ်တွေကို ဖွင့်လှစ်ခဲ့တာဖြစ်ပြီး တရုတ်ရဲ့ဖိအားကြောင့် လားရှိုးကနေ MNDAA တွေဆုတ်ခွာပြီးနောက် MNDAA ထိန်းချုပ်ရာ နယ်စပ်ဂိတ်တွေကနေ မြန်မာဘက်ကို တရုတ်ကုန်ပစ္စည်းတွေ အများအပြား ဝင်ရောက်လာတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013