DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်ဥပဒေချုပ်အိမ် ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ၂ ဦး သေ
DVB
·
June 14, 2025
မွန်ပြည်နယ်ဥပဒေချုပ်အိမ် ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ၂ ဦး သေ
Donate to DVB

မွန်ပြည်နယ်၊ မော်လမြိုင်မြို့က စစ်ကောင်စီရဲ့အစိုးရရုံးနဲ့ ဝန်ကြီးတွေအိမ်ရာကို ဇွန် ၁၂ ရက်နေ့ မွန်းလွဲပိုင်းမှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ဒရုန်းတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိ ၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မော်လမြိုင်မြို့၊ ရွှေတောင်ရပ်ကွက်က ပြည်နယ်အစိုးရရုံးနဲ့ ငန်းတေးရပ်ကွက်က ဝန်ကြီးတွေအိမ်ရာကို ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့လို့ ပြည်နယ်ဥပဒေချုပ်နေအိမ်ကို ထိမှန်ခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိ ၂ ယောက် သေဆုံးခဲ့တယ်လို့ ပြည်နယ်ပကဖ တာဝန်ရှိသူတယောက်က ပြောပါတယ်။

“အရင်ဆုံး ပြည်နယ်အစိုးရရုံးကို ဒရုန်းတစင်းလွှတ်တာ Jammer မလွတ်လို့ နောက် ၂ စင်းကို ဝန်ကြီးအိမ်ရာဘက်လွှတ်တာ။ တစင်းက ဥပဒေချုပ်ရဲ့အိမ်ကိုထိသလို အသေခံဒရုန်း နောက်တစင်းက ကျိုက်မရောအဝိုင်းနားက စစ်ဆေးရေးဂိတ်နားမှာ ပျက်ကျခဲ့တာပါ။ ကျနော်တို့ပူးပေါင်းအဖွဲ့တွေ အထိအခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့ပါတယ်”

အဲဒီတိုက်ခိုက်မှုကို Saw Dragon Drone Force-SDDF၊ ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ Alpha Bats Drone Force၊ Sky Worries Drone Force နဲ့ ဒေသခံ မွန်ပြည်နယ် ပကဖ တပ်ဖွဲ့တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။

အခုလို စစ်ကောင်စီအစိုးရအဖွဲ့ရုံးနဲ့ ဝန်ကြီးအိမ်ရာတိုက်ခိုက်ခံရတာကြောင့် ပြည်နယ်အဆင့် အပါအဝင် မြို့နယ်အဆင့်ထိ ဝန်ထမ်းအိမ်ရာလိုင်းခန်းနေထိုင်သူတွေ ဘေးလွတ်ရာကို ပြောင်းရွှေ့နေကြတယ်လို့ စစ်ကောင်စီခန့် ထွေအုပ်ဝန်ထမ်းတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013