DVB Logo
Home
မြန်မာသတင်း
မင်းတပ်ကို ၆ လအတွင်း လေကြောင်းက ၁၈ ကြိမ်တိုက်ခိုက်၊ ပြည်သူ ၁၀ ဦးသေဆုံး
DVB
·
June 14, 2025
မင်းတပ်ကို ၆ လအတွင်း လေကြောင်းက ၁၈ ကြိမ်တိုက်ခိုက်၊ ပြည်သူ ၁၀ ဦးသေဆုံး
1 / 8
Donate to DVB

ချင်းညီနောင်တပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲကို ၂၀၂၅ ခုနှစ်၊ ၆ လအတွင်း စစ်ကောင်စီကလေကြောင်းကနေ ၁၈ ကြိမ်တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၁၀ ယောက်ထက်မနည်း သေဆုံး၊ အဆောက်အအုံ ၁၀၀ ကျော်ထိခိုက်ပျက်စီးခဲ့တယ်လို့ မင်းတပ်မြို့နယ် ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။

မင်းတပ်မြို့နယ် ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံက “မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ အကြမ်းဖက်စစ်တပ်ဟာ ကျနော်တို့ မင်းတပ်မြို့နယ်ထဲကို အခုနှစ် ဇန်နဝါရီလဆန်းပိုင်းကနေ အခု ဇွန်လ ၁၁ ရက်နေ့အထိ Air Strike (လေကြောင်းတိုက်ခိုက်မှု) တွေ ၁၈ ကြိမ်အထိပြုလုပ်ခဲ့လို့ အရပ်သားပြည်သူသေဆုံးမှုက ၁၀ ယောက်အထိရှိခဲ့ပါတယ်။ ဒဏ်ရာရတဲ့သူကလည်း ၂၀ နီးပါးအထိ ရှိခဲ့ပါတယ်” လို့ ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဘာသာရေးနဲ့ အစိုးရဌာနအဆောက်အအုံတွေအပါအဝင် ပုဂ္ဂလိကအဆောက်အအုံ ၁၀၀ ကျော် ထိခိုက်ပျက်စီးခဲ့သေးတယ်လို့လည်း ဆိုပါတယ်။

မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမောင် က “မင်းတပ်မြို့ကို ကျနော်တို့ချင်းညီနောင်တပ်ဖွဲ့တွေဘက်က သိမ်းပိုက်ပြီးနောက်ပိုင်း အခုနှစ် ပထမ ၆ လအတွင်းမှာ မင်းတပ်မြို့ပေါ်က ဘဝသစ်ရပ်ကွက်ထဲကို ၄ ကြိမ်၊ အရှေ့ပြင်ရပ်ကွက်ထဲကို ၃ ကြိမ်၊ စံပြရပ်ကွက်ထဲကို ၃ ကြိမ်၊ မင်းတပ်မြို့နယ်ထဲက တိုက်နယ် ၁ ထဲကို ၃ ကြိမ်၊ တိုက်နယ် ၂ ထဲကို ၁ ကြိမ်၊ တိုက်နယ် ၄ ထဲကို ၃ ကြိမ်နဲ့ မင်းတပ်နဲ့ ယောအစပ်ကို ၁ ကြိမ် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဘာသာရေး အဆောက်အအုံ ၁၁ လုံး၊ ပုဂ္ဂလိကအဆောက်အအုံ ၇၁ လုံးနဲ့ ဌာနဆိုင်ရာအဆောက်အအုံ ၂၆ လုံးအထိ ပျက်စီးခဲ့တာပါ” လို့ DVB ကိုပြောပါတယ်။

စစ်ကောင်စီက ပေါင် ၂၅၀ ဗုံးတွေအပါအဝင် ပေါင် ၅၀၀ ဗုံးသီးပေါင်း ၄၀ ကျော် အသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်လို့ ပြည်သူတွေအနေနဲ့လည်း လေကြောင်းအန္တရာယ်ကို အထူးသတိထား နေထိုင်သွားလာကြဖို့ သူက တိုက်တွန်းပါတယ်။

ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့တွေဟာ မင်းတပ်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ သိမ်းပိုက်ရရှိခဲ့ပြီးနောက် နယ်မြေရှင်းလင်းရေးတွေဆောင်ရွက်ပြီး မင်းတပ်မြို့နယ်ပြည် သူ့အုပ်ချုပ်ရေးအဖွဲ့က အုပ်ချုပ်ရေးယန္တရားတွေလည်ပတ်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013