DVB Logo
Home
မြန်မာသတင်း
လွတ်လပ်သော CDM အဖွဲ့အစည်းဖြစ်လာရန် ကြိုးပမ်းနေ
DVB
·
June 14, 2025
လွတ်လပ်သော CDM အဖွဲ့အစည်းဖြစ်လာရန် ကြိုးပမ်းနေ
Donate to DVB

‘လွတ်လပ်သော CDM နိုင်ငံ့ဝန်ထမ်းထုအဖွဲ့အစည်း’ ဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းနိုင်ဖို့အတွက် CDM အောင်မြင်ရေးကော်မတီနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ CDM နိုင်ငံ့ဝန်ထမ်းထုညီလာခံ ကြားကာလအကောင်အထည်ဖော်ရေးအဖွဲ့က ဆိုပါတယ်။

ကျန်းမာရေး၊ ပညာရေး၊ မီးရထားနဲ့ တခြားကဏ္ဍအသီးသီးက ကိုယ်စားလှယ်တွေကို ကိုယ်စားပြုမှုနဲ့ ဖိတ်ခေါ်ပြီး ပေါင်းစပ်ဖွဲ့စည်းနိုင်ရေးအတွက် ကြိုးစားနေတယ်လို့ ဇွန် ၁၂ ရက်မှာ ထုတ်ပြန်လိုက်တာပါ။

၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်ကနေ ၁၀ ရက်အထိ  ၄ ရက်တာ ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ်ညီလာခံအပြီး ထွက်ပေါ်လာတဲ့ နိုင်ငံ့ဝန်ထမ်း CDM တွေရဲ့ ညီလာခံ သဘောတူဆုံးဖြတ်ချက် ရလဒ်တွေအတိုင်း လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်နေတယ်လို့ သိရပါတယ်။

ညီလာခံရလဒ်တွေထဲကတခုဖြစ်တဲ့ ဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်းထားပြီး လိုအပ်နေတဲ့ အလွှာတွေအလိုက် ကိုယ်စားလှယ်တွေတောင်းခံနေသလို CDM Success Committee ကိုလည်း နိုင်ငံ့ဝန်ထမ်း CDM တွေ ပါဝင်လာနိုင်အောင် ပူးပေါင်းဆောင်ရွက်နေတာတွေရှိပါတယ်။

CDM နိုင်ငံ့ဝန်ထမ်းထုညီလာခံ ကြားကာလအကောင်အထည်ဖော်ရေးအဖွဲ့ တာဝန်ခံတယောက်က “ညီလာခံရလဒ်အရအတည်ပြုထားတဲ့ ကိုယ်စားလှယ်ရာခိုင်နှုန်း သတ်မှတ်ချက်တွေ ပြည့်ပြီဆိုရင် ဆက်လက်ပြီး တိုင်း၊ ပြည်နယ်၊ ဒေသအလိုက် CDM စုဖွဲ့မှုတွေ အားကောင်းလာဖို့နဲ့ ပေါ်ပေါက်လာဖို့ ဆက်လက်ဆောင်ရွက်သွားဖို့ရှိပါတယ်။ ကျမတို့ ဖြစ်မြောက်ရေးကော်မတီအနေနဲ့ တတိယအကြိမ် ညီလာခံခေါ်ယူပြီး ‘လွတ်လပ်သော CDM နိုင်ငံ့ဝန်ထမ်းထုအဖွဲ့အစည်း’  ဖွဲ့စည်းနိုင်ဖို့ပဲဖြစ်ပါတယ်” လို့  ပြောပါတယ်။

ပထမအကြိမ် CDM နိုင်ငံ့ဝန်ထမ်းထုညီလာခံကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၉ ရက်ကနေ ၂၃ ရက်နေ့အထိ ၅ ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပြီး အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့အတူ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွပေါ်ပေါက်စေဖို့၊ ရာထူးတာဝန်နဲ့ ကိုက်ညီတဲ့နေရာ နေရာမှန်ရှိတဲ့ နိုင်ငံပေါ်ပေါက်ရေးတွေအပါအဝင်  ၁၄ ချက်ကို မျှော်မှန်းပြီး အကောင်အထည်ဖော်နေတာဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013