
ခရီးသွားလာမှု ဆန့်ကျင်ရေး လှုပ်ရှားမှုကို ဥရောပ အဓိကမြို့တွေမှာ ဇွန် ၁၅ ရက်မှာ ပြုလုပ်ဖို့ စီစဉ်ထားကြပါတယ်။
ဥရောပ ခရီးသွားဆန့်ကျင်မှုတွေကို နွေရာသီအပန်းဖြေချိန်မှာ ပြုလုပ်ခဲ့ဖူးပြီး ဒီလိုပုံစံမျိုးပဲ လာမယ့် ၁၅ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပါတယ််
အီတလီ၊ ပေါ်တူဂီနဲ့ စပိန်နိုင်ငံတို့မှာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်က ခရီးသွားဆန့်ကျင်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ခရီးသွားဆန့်ကျင်မှုကို ဗင်းနစ်၊ မီလန်၊ လစ္စဘွန်း၊ ဆန်ဆီဘတ်စတိန်း၊ ဗလင်စီယာ၊ ဘာစီလိုနာနဲ့ ဘာလီရာရစ်ကျွန်း စတဲ့ အဓိကနေရာတွေ အပါအဝင် တခြားနေရာတွေမှာပါ ကြီးမားတဲ့ ဆန္ဒပြပွဲတွေ ပြုလုပ်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
ခရီးသွားတွေ လာရောက်တာနဲ့ပတ်သက်ပြီး ဆန့်ကျင်တဲ့အဖွဲ့တွေဟာ ဘာစီလိုနာမြို့မှာ ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး ခရီးသွားတွေ လာရောက်မှုဟာ အနုတ်လက္ခဏာဆောင်တယ်လို့ ဒေသခံတွေက ခံစားနေရတာ ဖြစ်ပါတယ်။
ခရီးသွားတွေ လာရောက်ခြင်းကြောင့် ဆူညံတာတွေ၊ လေထုညစ်ညမ်းတာတွေ၊ မြို့အတွင်း လူထူထပ်တာတွေ ဖြစ်ကြောင်း ဘာစီလိုနာရဲ့ လူနေမှု သဟာဇာတ မဖြစ်တဲ့ကြောင်း ဆန္ဒပြပွဲမှာ ပါဝင်မယ့် ဒါနီရယ်ပါဒိုက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်တွေက ဘာစီလိုနာမြို့ကို လာရောက်တဲ့ ခရီးသွားတွေကို ဆန့်ကျင်မှုမှာ လူထောင်ပေါင်းများစွာ ပါဝင်ခဲ့ဖူးပြီး ရေသေနတ်တွေနဲ့ ခရီးသွားတွေကို ပက်ခဲ့ကြပါတယ်။
လာမယ့် ဇွန် ၁၅ ရက် ဆန္ဒဖော်ထုတ်မှုကို ဥရောပတောင်ပိုင်း ခရီးသွားလာရေးဆန့်ကျင်မှုအဖွဲ့က ဦးဆောင်ကျင်းပတာ ဖြစ်ပါတယ်။
Source: Reuters