
နော်ဝေ တန်းကျော်အပြေးသမား ကာစတန်ဗာဟုမ်းဟာ မီတာ ၃၀၀ တန်းကျော်ပြေးပြိုင်ပွဲမှာ ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။
ဇွန် ၁၂ ရက်မှာ ကျင်းပတဲ့ အော်စလို ဒိုင်းမွန်းလိဂ်ပြိုင်ပွဲမှာ ဗာဟုမ်းက အမေရိကန်အပြေးသမား ရိုင်ဘင်ဂျာမင်ကို နောက်ကနေ ကျော်ဖြတ်ပြီး အံ့အားသင့်ဖွယ် အနိုင်ရခဲ့တာဖြစ်ပါတယ်။
၂၀၂၀ အိုလံပစ်ချန်ပီယံ ဗာဟုမ်းဟာ ပြီးခဲ့တဲ့နှစ် အိုလံပစ်ပြိုင်ပွဲမှာ သူ့ကိုကျော်ဖြတ်ပြီး ရွှေတံဆိပ်ရရှိခဲ့တဲ့ ရိုင်ဘင်ဂျာမင်ကို ဒီပြိုင်ပွဲမှာ ပြန်ပြီး အနိုင်ယူနိုင်ခဲ့တာပါ။
ဗာဟုမ်းဟာ ဧပြီလက ၃၃ ဒသမ ၀၅ စက္ကန့်နဲ့ ကမ္ဘာ့စံချိန်တင်ခဲ့သူဖြစ်ပြီး အဲဒီစံချိန်ကို ၃၂ ဒသမ ၆၇ စက္ကန့်နဲ့ သူ့စံချိန်ကို သူကိုယ်တိုင် ချိုးဖျက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ဗာဟုမ်းဟာ မီတာ ၃၀၀ တန်းကျော်အပြေးပြိုင်ပွဲမှာ ကမ္ဘာ့အမြန်ဆုံးလူသား ဖြစ်လာပါတယ်။
အသက် ၂၉ နှစ်အရွယ်ရှိ ဗာဟုမ်းဟာ ကမ္ဘာ့တန်းကျော်ပြေးပြိုင်ပွဲတွေမှာ ရွှေ ၃ ခု ရရှိထားသလို အိုလံပစ်ပြိုင်ပွဲမှာ ရွှေ ၁ ခု၊ ငွေ ၂ ခု ရရှိခဲ့ဖူးပါတယ်။
၂၀၂၃ ခုနှစ်က တန်းကျော်ပြေး ကမ္ဘာ့အဆင့်ရပ်တည်မှု အဆင့် ၁ နေရာမှာ ရပ်တည်နိုင်ခဲ့တဲ့ ဗာဟုမ်းဟာ လက်ရှိအချိန်မှာ သူ့ရဲ့ အကောင်းဆုံးပုံစံကို ပြန်ပြီး ရရှိနေတာပဲ ဖြစ်ပါတယ်။
ဒိုင်းမွန်းလိဂ်ပြိုင်ပွဲကို ၂၀၁၀ ခုနှစ်က စတင်ကျင်းပခဲ့တာဖြစ်ပြီး ၂၀၂၅ ခုနှစ်ပြိုင်ပွဲမှာ ပြိုင်ပွဲအမျိုးအစားပေါင်း ၃၂ မျိုး ပါဝင်ပါတယ်။
Source: Reuters