
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ ပြန်လည်ပြင်ဆင်ထားတဲ့ စစ်သင်္ဘော ရေချတဲ့အခမ်းအနားကို ဇွန် ၁၂ ရက်က တက်ရောက်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က ဇွန် ၁၃ ရက်မှာ ဖော်ပြပါတယ်။
မေလတုန်းက တန် ၅,၀၀၀ ဖျက်သင်္ဘောကို ပထမအကြိမ် ရေချချိန်မှာ ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။
ကင်မ်ဂျုံအန်းဟာ အဲဒီမတော်တဆမှုကို ရာဇ၀တ်မှုတခုအဖြစ် ပြောဆိုခဲ့ပြီးနောက် ဇွန်လမှာပြုလုပ်မယ့် ပါတီအစည်းအဝေး မတိုင်ခင်မှာ ပြန်ပြုပြင်ထားဖို့ အမိန့်ပေးခဲ့ပါတယ်။
ဖျက်သင်္ဘောကို ပြန်လည်ပြုပြင်ရေးဟာ မြောက်ကိုရီးယားရဲ့ ရေတပ်အင်အား တိုးမြှင့်ဖို့ ကြိုးပမ်းမှုကို နှောင့်နှေးမှု မရှိခဲ့ကြောင်းနဲ့ လာမယ့်နှစ်မှာ တန် ၅,၀၀၀ ဖျက်သင်္ဘော ၂ စီး ထပ်မံ တည်ဆောက်ဖို့ အစီအစဉ်ချထားပြီးပြီလို့ ကင်မ်ဂျုံအန်းက ပြောကြားခဲ့ကြောင်းလည်း KCNA က ထုတ်လွှင့်ပါတယ်။
အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ ရန်စမှုတွေကို ရင်ဆိုင်နေရတယ်လို့ ကင်မ်ဂျုံအန်း ပြောပြောနေတဲ့ ပစိဖိတ်သမုဒ္ဒရာအတွင်းမှာ မြောက်ကိုရီးယား ရေကြောင်းတပ်ဖွဲ့ကို ခိုင်မာအားကောင်းစွာ ထားရှိနိုင်ဖို့ ကင်မ်ဂျုံအန်းက နိုင်ငံကို တောင်းဆိုခဲ့တယ်လို့လည်း KCNA က ပြောသွားပါတယ်။
Source: Reuters