
တိုက်စစ်မှူး ဗစ်တာယိုကရက်စ်အတွက် တရားဝင်ကမ်းလှမ်းမှု မရရှိသေးကြောင်း စပို့တင်းလစ္စဘွန်း အသင်းဥက္ကဋ္ဌ ဗာရာဒက်စ်က အတည်ပြုသွားပါတယ်။
အသက် ၂၇ နှစ်ရှိ ဆွီဒင်တိုက်စစ်မှူးကို ဥရောပ ထိပ်တန်းအသင်းကြီးအများစုက ခေါ်ယူဖို့ စိတ်ဝင်စားနေကြကြောင်း သတင်းထွက်ပေါ်နေပေမဲ့ တရားဝင်ကမ်းလှမ်းမှု တစုံတရာ မရရှိသေးကြောင်း စပို့တင်းဥက္ကဋ္ဌက အတည်ပြုခဲ့တာပါ။
ယိုကရက်စ်အတွက် ပေါင် ၅၉ သန်းပေးရုံနဲ့ ထွက်ခွာခွင့်ပြုမယ်ဆိုတာ မဟုတ်မှန်ဘဲ စာချုပ်ပါ လျော်ကြေးအတိုင်း ပေါင် ၈၅ သန်း ပေးချေမှသာ လက်ခံစဉ်းစားသွားမှာဖြစ်ကြောင်းလည်း စပို့တင်းဥက္ကဋ္ဌက ပြောပါတယ်။
ဆွီဒင်တိုက်စစ်မှူးဟာ စပို့တင်းနဲ့ ၂ ရာသီအတွင်း စုစုပေါင်း ၁၀၂ ပွဲမှာ ၉၇ ဂိုးအထိ သွင်းယူထားတာ ဖြစ်ပါတယ်။