DVB Logo
Home
မြန်မာသတင်း
ပေါက်မြို့နယ်၌ စစ်ကောင်စီတပ်မှ ဒုတပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်
DVB
·
June 12, 2025
ပေါက်မြို့နယ်၌ စစ်ကောင်စီတပ်မှ ဒုတပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်
Donate to DVB

မကွေးတိုင်း၊ ပေါက်မြို့နယ်အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ကပစ ၂၄ က စစ်ကောင်စီတပ်ဖွဲ့ဝင်တယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ပခုက္ကူခရိုင်၊ အမှတ် ၅ တပ်ရင်းက ဇွန် ၁၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သေနတ် ၂ လက် အပါအဝင် ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတဲ့ အဆိုပါ ဒုတပ်ကြပ်ဟာ ပြီးခဲ့တဲ့ ဇွန် ၃ ရက်မှာ အလင်းဝင်ရောက်လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ပခုက္ကူခရိုင်၊ အမှတ် ၅ တပ်ရင်းက ရဲဘော်နှင်းရိပ်နွေက “ပေါက် ကပစ ၂၄ ကနေ MA 3 သေနတ် ၂ လက်၊ 5.56 ကျည် ၂၁၄ တောင့်၊ ကျည်ဘောက် ၄ ခုနဲ့ MG 1 လက်ပစ်ဗုံး တလုံးတို့ ယူလာပြီးတော့ အလင်းဝင်လာတဲ့သူက ဒုတပ်ကြပ်အဆင့်ရှိသူတဦး ဖြစ်ပါတယ်ဗျ” လို့ ပြောပါတယ်။

ပခုက္ကူခရိုင်၊ အမှတ် ၅ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့တပ်ဖွဲ့ဆီကို အလင်းဝင်လာတဲ့ အဲဒီ ဒုတပ်ကြပ်ကို ကျနော်တို့အဖွဲ့ဘက်က တတ်နိုင်တဲ့ ဆုကြေးငွေ သိန်း ၇၀ ချီးမြှင့်ပေးပြီးတော့ လွတ်မြောက်တဲ့နေရာတခုဆီ ရောက်ရှိနေပါပြီ။ အခုမှ သတင်းထုတ်ပြန်ရတယ် ဆိုတာကလည်း သူနဲ့ သူ့ရဲ့ဆက်နွှယ်တဲ့ မိသားစုတွေရဲ့ လုံခြုံရေးနဲ့ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်နေရတဲ့ အတွက်ကြောင့်ပါ” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီလက်အောက်မှာ ကျန်ရှိနေသူတွေအနေနဲ့လည်း အမှန်တရားကို သိနားလည်ပြီး ပြည်သူ့ဘက်ကို အမြန်ဆုံး ရပ်တည်ကြဖို့နဲ့ အလင်းဝင်လာကြတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကိုလည်း သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ကြိုဆိုကြောင်း ဖိတ်ခေါ်ထားပါ တယ်။

အခုလဆန်းပိုင်းကစပြီး ပေါက်အခြေစိုက် ကပစ ၂၄ ထံကို  ရိက္ခာနဲ့ တပ်သားအင်အားတွေပို့မယ့် ပခုက္ကူတပ်မ ၁၀၁ မှ အင်အားအလုံးအရင်းနဲ့ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပခုက္ကူမြို့နယ်နဲ့ ပေါက်မြို့နယ်အကြားက ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်နေလို့ သောင်းချီတဲ့ ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013