DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖယ်ခုံဒေသခံ ၃ ဦး သေဆုံး
DVB
·
June 11, 2025
စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖယ်ခုံဒေသခံ ၃ ဦး သေဆုံး
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်းမှာ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်က စစ်ကြောင်းထိုးနေပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဇွန်လအတွင်း ပြည်သူ ၃ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်းက ဇွန် ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ရှမ်းတောင်နဲ့ ကရင်နီ နယ်စပ်ဒေသတွေမှာ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က အင်အား ၁,၀၀၀ ကျော်နဲ့ စစ်ကြောင်းထိုးနေတာကြောင့် ထိတွေ့တိုက်ပွဲတချို့ရှိခဲ့ပြီး ခုလက်ရှိအချိန်အထိ စစ်ရေးအခြေအနေ တင်းမာနေကာ စစ်ကောင်စီဘက်က ဖယ်ခုံမြို့နယ်ထဲက ကျေးရွာတွေထဲ လက်နက်ကြီး ရမ်းသန်းပစ်ခတ်တာကြောင့် ပြည်သူတွေ သေဆုံးရပြီး ထိခိုက်မိသူအများစုက ကလေးသူငယ်နဲ့ အမျိုးသမီးငယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

မြေပြင်ရဲဘော်တယောက်က “နေ့တိုင်းလိုလို စစ်ကြောင်းထိုးနေတဲ့ အနေအထားမှာ ရှိတယ်ပေါ့နော်။ ဒီဘက်ကလည်း ပြန်လုပ်တယ်။ သူတို့လည်း ထိုးတယ်၊ အဲဒီလို အနေအထားပေါ့နော်၊ တချို့နေရာတွေက ပိတ်ထားလိုက်ပြီ” လို့ ပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်းက ညောင်ရွှေမြို့နယ်၊ ရေပူကျေးရွာကနေ စစ်ကြောင်းထိုးလာပြီး ဖယ်ခုံမြို့နယ်နဲ့ မိုးဗြဲမှာလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေကာ စစ်ရေးတွေ တင်းမာနေတာကြောင့် စစ်ရေးအသိပေးချက်တွေကို လိုက်နာဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က စစ်ကြောင်းထိုးရာတလျှောက် ကျေးရွာတွေထဲက ပြည်သူတွေကို အတင်းအကျပ် စစ်မှုထမ်းခိုင်းတာ၊ ငွေကြေးတွေ အတင်းကောက်ခံတာအပြင် ညှဉ်းပန်းနှိပ်စက်နေတယ်လို့ ဖယ်ခုံ PDF က ထုတ်ပြန်ထားပါတယ်။

ဇွန် ၂ ရက်ကစပြီး ဒီနေ့အထိ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေကြား ထိတွေ့မှုတွေရှိနေပြီး တပတ်တာတိုက်ပွဲအတွင်း PNO ပြည်သူ့စစ်ဘက်က ၅ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး နှစ်ဖက်ထိခိုက်မှုတွေလည်း ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013