
ဥရောပဈေးကွက်အတွက် ရည်ရွယ်ထားတဲ့ သစ်သီးကွန်တိန်နာအတွင်း ထည့်ဝှက်ထားတဲ့ ကိုကင်း ၃,၄၅၀ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့ကြောင်း ကော့စတာရီကာ အာဏာပိုင်တွေဟာ ဇွန် ၉ ရက်မှာ ကြေညာပါတယ်။
လစ်မွန်ခရိုင်ရှိ မွိုင်း ကွန်တိန်နာဂိတ်မှာ ပုံမှန် စကန်ဖတ် စစ်ဆေးနေချိန်မှာပဲ မှောင်ခိုသွင်းလာတာတွေကို ဖော်ထုတ်တွေ့ရှိခဲ့တာဖြစ်ပြီး တရားဝင်တင်ပို့ဖို့ စီစဉ်ထားတဲ့ ထုတ်ကုန်တွေအကြားမှာ သေသေချာချာ ဝှက်ထားတဲ့ မူးယစ်ဆေးဝါးတွေကို အာဏာပိုင်တွေက တွေ့ရှိခဲ့တာပါ။
ကော့စတာရီကာ ပြည်သူ့လုံခြုံရေးဝန်ကြီး မာရီယို ဇာမိုရာက “အန့်ထွဲ့ပ် ဆိပ်ကမ်းမှာ ဥရောပအတွက် ထုပ်ပိုးထားတဲ့ သစ်သီး လတ်လတ်ဆတ်ဆတ်တွေပါတဲ့ ကွန်တိန်နာထဲမှာ ကိုကင်း ၃ ဒသမ ၄ တန်ကို တွေ့ရှိခဲ့ပါတယ်။ ဒါက တကယ့်ကို အရေးကြီးတဲ့ လုပ်ဆောင်ချက်တခုဖြစ်ပြီး ကျနော်တို့ရဲ့ စကင်နာတွေကို အသုံးပြုထားတဲ့အတွက်ကြောင့် APM ကွန်တိန်နာဂိတ်တွေမှာ သမိုင်းဝင် မူးယစ်ဆေးဝါး ပမာဏကြီးကို ဖမ်းဆီးနိုင်ခဲ့ခြင်းဟာ သူတို့အတွက် အထိနာသွားစေတာပဲ” လို့ ပြောပါတယ်။
ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန အဆိုအရ အခုနောက်ဆုံး စစ်ဆင်ရေးဟာ ကော့စတာရီကန် ဆိပ်ကမ်းတွေမှာ ကိုကင်း ဖမ်းဆီးရမိမှု စုစုပေါင်းက အခုနှစ်တခုတည်းမှာပဲ ၁၃ တန်ကျော်အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
Source: Reuters