DVB Logo
Home
နိုင်ငံတကာ
လော့စ်အိန်ဂျလိစ်တွင် ညမထွက်ရအမိန့်ထုတ်၊ မြို့တောင်ပိုင်း၌ မရိန်းတပ်သား ၇၀၀ ရောက်နေ
DVB
·
June 11, 2025
လော့စ်အိန်ဂျလိစ်တွင် ညမထွက်ရအမိန့်ထုတ်၊ မြို့တောင်ပိုင်း၌ မရိန်းတပ်သား ၇၀၀ ရောက်နေ
Donate to DVB

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့မှာ ရွှေ့ပြောင်းနေထိုင်သူတွေကို စီးနင်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြပွဲတွေ ရက်အတော်ကြာ ပြင်းထန်လာပြီးတဲ့နောက် မြို့လယ်မှာ ညမထွက်ရ အမိန့်ကို မြို့တော်ဝန် ခါရန်း ဘက်စ်က ဇွန် ၁၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ညမထွက်ရအမိန့်ဟာ ဇွန် ၁၁ ရက်ကစပြီး ဒေသစံတော်ချိန် ည ၈ နာရီကနေ မနက် ၆ နာရီအထိ အသက်ဝင်ပါတယ်။ မြို့လယ်ခေါင် ၁ စတုရန်းမိုင်ပတ်လည် ဧရိယာက အကျုံးဝင်ပါတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဦးစီးဌာန (ICE) ရဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် စီးနင်းမှုကို ဆန့်ကျင် ဆန္ဒပြရာက အာဏာပိုင်တွေနဲ့ ဆန္ဒပြသူတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်လာခဲ့ပြီး နောက်ပိုင်းမှာတော့ ညနက်ပိုင်းတွေနဲ့ မနက်အစောပိုင်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် လက်သရမ်း ဖျက်ဆီးမှုတွေနဲ့ လုယက်မှုတချို့ ပေါ်ပေါက်ခဲ့တာပါ။

ICE ရဲ့ စီးနင်းမှုတွေက ရက် ၃၀ ကြာမယ်ဆိုတဲ့ ကောလာဟလတွေ ထွက်နေလို့ မြို့ကို ငြိမ်းချမ်းတာ မြင်ချင်ရင် အာဏာပိုင်တွေက စီးနင်းတာတွေ ရပ်ဖို့ ဆော်ဩမယ်လို့ မြို့တော်ဝန်က ပြောပါတယ်။

ဒါတွေ အကုန်ဖြစ်လာရေးအတွက် ကြေညာချက်ထုတ်ဖို့နဲ့ ဒေသန္တရ တရားစီရင်ရေးအဖွဲ့နဲ့ ဆက်သွယ်ပြီး ဘယ်အချိန် ဘယ်လို ဘာကြောင့် ဆိုတာကို မပြောခဲ့တာက တကယ့် ပြဿနာပဲလို့ မြို့တော်ဝန်က ပြောပါတယ်။

လော့စ်အိန်ဂျလိစ်မြို့ရဲ့ တောင်ပိုင်း မိုင် ၃၀ အကွာ ဆီးလ်ဘိချ်ဒေသက အဓိကနေရာတွေမှာ တပ်ချဖို့ စောင့်နေတဲ့ ကမ်းတက်စစ်သည် မရိန်းတပ်သား အယောက် ၇၀၀ ရောက်နေတယ်လို့ အမေရိကန် အရာရှိတယောက်က ဇွန် ၁၀ ရက်မှာ ပြောပါတယ်။

ကမ်းတက်စစ်သည်တွေဟာ အာဏာပိုင်တွေကို ဖမ်းဖို့မဟုတ်ဘဲ ပြည်ထောင်စုနဲ့ ပုဂ္ဂိလက ပိုင်ဆိုင်မှုတွေကို ကာကွယ်စောင့်ရှောက်ဖို့လို့ စစ်အရာရှိတွေက ပြောပါတယ်။

လော့စ်အိန်ဂျလိစ် မြို့လယ်မှာတော့ နိုင်ငံစောင့်တပ် အယောက် ၂,၁၀၀ လောက် တပ်ချထားပြီးသား ဖြစ်ပြီး နောက်ထပ် ပိုများတဲ့ စစ်သည်တွေ လာဦးမယ်လို့ အရာရှိက ပြောခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013