DVB Logo
Home
နိုင်ငံတကာ
ပြင်သစ် ဒေသအချို့ ၌ ညမထွက်ရအမိန့် ထုတ်ပြန်ရန် ဝန်ကြီးချုပ် တိုက်တွန်း
DVB
·
October 20, 2026
Photo: REUTERS/Abdul Saboor
Photo: REUTERS/Abdul Saboor
Donate to DVB

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်တွေက ပြင်သစ်နိုင်ငံတဝန်းမှာ အကြမ်းဖက် ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့တချို့အနေနဲ့ ညမထွက်ရအမိန့် တစိတ်တပိုင်း ထုတ်ပြန်ပေးဖို့ တောင်းဆိုထားတယ်လို့ ပြင်သစ်ဝန်ကြီးချုပ် ဆီဘက်စ်တီယန် လီကော်နူးက အောက်တိုဘာ ၁၉ ရက်မှာ ပြောပါတယ်။

ပြင်သစ် ပြည်ထဲရေးဝန်ကြီးဌာနမှာ ဝန်ကြီးဌာနပေါင်းစုံ အစည်းအဝေး လုပ်ပြီးတဲ့နောက် လီကော်နူးက မငြိမ်သက်မှုတွေဟာ မြို့ပြဒေသတွေမှာသာ အဓိကဖြစ်ခဲ့တာလို့ အလေးပေး ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ပစ္စည်းလုယက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ တရားရေးဆိုင်ရာ အရေးယူ ဆောင်ရွက်ချက်တွေကို အလေးထား လုပ်ဆောင်သွားမယ်လို့ လီကော်နူးက ကြေညာပါတယ်။

လူမှုကွန်ရက်တွေ၊ စောင့်ကြည့်ကင်မရာ မှတ်တမ်းတွေကတဆင့် ပြစ်မှုကျူးလွန်သူတွေကို ဖော်ထုတ်ဖို့ အရင်းအမြစ်တွေကို အကြီးအကျယ် သုံးစွဲသွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။

စီးပွားရေး ထိခိုက်နစ်နာမှုတွေကို လျှော့ချဖို့ ကြိုးပမ်းတဲ့အနေနဲ့ လီကော်နူးက စီးပွားရေးလုပ်ငန်းတွေကို ကူညီထောက်ပံ့ဖို့နဲ့ အလုပ်အကိုင်တွေကို ကာကွယ်ပေးဖို့ ချက်ချင်း အကောင်အထည်ဖော်မဲ့ အစီအမံတွေကိုလည်း ထုတ်ဖော်ကြေညာခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013