DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းက ပထမဆုံး စစ်သုံ့ပန်းအုပ်စုကို နိုင်ငံသို့ပြန်လည်ခေါ်ဆောင်
DVB
·
June 11, 2025
ယူကရိန်းက ပထမဆုံး စစ်သုံ့ပန်းအုပ်စုကို နိုင်ငံသို့ပြန်လည်ခေါ်ဆောင်
Donate to DVB

ယူကရိန်းနိုင်ငံဟာ ရုရှားနဲ့ ၂ နိုင်ငံအကြား နောက်ဆုံး သုံ့ပန်းလဲလှယ်မှုမှာ ရုရှားရဲ့ သုံ့ပန်းတွေထဲက ပထမဆုံး အကျဉ်းသားအုပ်စုကို ယူကရိန်းနိုင်ငံကို ခေါ်ဆောင်လာခဲ့ပြီ ဖြစ်ကြောင်း သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဇွန် ၉ ရက်မှာ ပြောပါတယ်။

“ဒီကနေ့ရဲ့ သုံ့ပန်းလဲလှယ်မှုကို စတင်ခဲ့ပြီဖြစ်ပြီး အစ္စတန်ဘူလ်မှာ သဘောတူညီချက်ရဲ့ ပထမအဆင့်ကို စတင်ပါပြီ။ လာမယ့်ရက်တွေမှာ လုပ်ရမယ့် အဆင့်ပေါင်းများစွာ ရှိဦးမယ်” လို့  ဇလန်းစကီးက တယ်လီဂရမ်အက်ပ်မှာ ပြောပါတယ်။ 

ဒဏ်ရာရရှိသူတွေ၊ ဒဏ်ရာအပြင်းအထန် ရရှိထားသူတွေနဲ့ အသက် ၂၅ နှစ်အောက်တွေဟာ ဒီလဲလှယ်မှုရဲ့ တစိတ်တပိုင်း ဖြစ်ကြောင်းလည်း ဇလန်းစကီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

တနင်္လာနေ့က နေရပ်ပြန်လာတဲ့ ယူကရိန်း အကျဉ်းသားတချို့ဟာ စစ်ပွဲအစကတည်းက ရုရှား ဖမ်းဆီးခံထားရတာလို့ ကိယက်ဗ် တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါဟာ အခုလအစောပိုင်းက အစ္စတန်ဘူလ်မှာ ယူကရိန်းနဲ့ ရုရှားတို့ကြား ဒုတိယအကျော့ ဆွေးနွေးပွဲအပြီးမှာ စစ်သုံ့ပန်းတွေ လဲလှယ်တဲ့ ပထမဆုံးအုပ်စု ဖြစ်ပါတယ်။

စစ်သုံ့ပန်းတွေကို ပြန်လည်အပ်နှံရေးနဲ့ သေဆုံးသူတွေရဲ့ အလောင်းတွေကို ပြန်လည်လက်ခံရေးဟာ နှစ်ဖက်သဘောတူထားတဲ့ အချက်အနည်းငယ်ထဲက တခုဖြစ်ပြီး ပိုကျယ်ပြန့်တဲ့ ညှိနှိုင်းမှုတွေ မအောင်မြင်တာကြောင့် အခုခါ ၄ နှစ်ထဲကို ရောက်ရှိလာပြီဖြစ်တဲ့ စစ်ပွဲအဆုံးသတ်ရေးကလည်း မနီးစပ်သေးပါဘူး။

တိုက်ပွဲတွေက ပြင်းထန်လာနေပြီး ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ အရှေ့အလယ်ပိုင်းဒေသ နီးပရိုပက်ထရို့ဗ်စ်ခ်မှာ နယ်မြေတွေကို ပိုမိုသိမ်းပိုက်နိုင်ခဲ့ကြောင်း ရုရှားက တနင်္လာနေ့မှာ ပြောကြားခဲ့ပြီး ယူကရိန်းကလည်း မော်စကိုဟာ စစ်ပွဲရဲ့ အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း ပြောဆိုပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013