DVB Logo
Home
အားကစား
ဘုန်းမောက် နောက်ခံလူ ဟတ်ဆန်ကို ပေါင်သန်း ၅၀ ဖြင့် ရီးရဲလ်မက်ဒရစ်ခေါ်ယူ
DVB
·
June 11, 2025
ဘုန်းမောက် နောက်ခံလူ ဟတ်ဆန်ကို ပေါင်သန်း ၅၀ ဖြင့် ရီးရဲလ်မက်ဒရစ်ခေါ်ယူ
Donate to DVB

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘုန်းမောက်နောက်ခံလူ ဒိန်းဟတ်ဆန်ကို ပေါင်သန်း ၅၀ နဲ့ တရားဝင် ခေါ်ယူလိုက်ပါတယ်။

အသက် ၂၀ နှစ်ပဲရှိသေးတဲ့ နယ်သာလန်ဖွား လူငယ်နောက်ခံလူဟာ  ဂျူဗင်တပ် အကယ်ဒမီ ကနေ ပေါ်ထွက်လာသူပါ။ 

နယ်သာလန် ယူ-၁၇၊ ယူ-၁၈နဲ့ ယူ-၁၉အသင်းတွေမှာ ပါဝင်ကစားခဲ့ပေမဲ့  ၂၀၂၅ ခုနှစ်ကစတင်ပြီး စပိန်နိုင်ငံကို ကိုယ်စားပြု ရွေးချယ်ခဲ့တာပါ။ 

ရီးရဲလ်အသင်းရဲ့ ကမ်းလှမ်းမှု ရရှိချိန်မှာ တခြားအသင်းတွေကို စိတ်မဝင်စားတော့ဘဲ အလွယ်တကူလက်ခံခဲ့တာလို့ အသင်းနဲ့ တရားဝင်စာချုပ်ချုပ်ဆိုအပြီးမှာ ဟတ်ဆန်က ပြောပါတယ်။ 

ကျောနံပါတ် ၂၄ ဝတ်ဆင်မယ့် ဟတ်ဆန်ဟာ စပိန်လက်ရွေးစင်အသင်းကြီးမှာလည်း ရွေးချယ်ခံထားရသူပါ။

ဟတ်ဆန်ဟာ နည်းပြသစ်ဇာဗီအလွန်ဆိုရဲ့ မက်ဒရစ်နည်းပြဘဝ ပထမဆုံးခေါ်ယူမှု ဖြစ်လာခဲ့ပါတယ်။ 

Photo: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013