DVB Logo
Home
မြန်မာသတင်း
မြန်မာ့ဆန် ပြည်ပတင်ပို့မှု ၂ ဆကျော်တိုး
DVB
·
June 10, 2025
မြန်မာ့ဆန် ပြည်ပတင်ပို့မှု ၂ ဆကျော်တိုး
Donate to DVB

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ရဲ့ ပထမနှစ်လအတွင်း မြန်မာနိုင်ငံဟာ ပြည်ပကို ဆန်နဲ့ဆန်ကွဲ တန်ချိန် ၄၀၀,၀၀၀ ကျော်ထိ တင်ပို့နိုင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ် ကာလတူထက် ၂ ဆကျော် တိုးတက်မှု ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ အခုဘဏ္ဍာနှစ် ပထမ ၂ လအတွင်း တင်ပို့နိုင်ခဲ့တဲ့ ဆန်နဲ့ ဆန်ကွဲပမာဏက တန်ချိန် ၄၀၂,၂၈၉ ကျော်ရှိပြီး အရင်ဘဏ္ဍာနှစ် ကာလတူမှာ တင်ပို့နိုင်ခဲ့တဲ့ တန်ချိန် ၁၈၃,၁၄၂ နဲ့ နှိုင်းယှဉ်ရင် ၂ ဆကျော် တိုးတက်ခဲ့တာပါ။

မြန်မာ့ဆန်ကို အဓိကဝယ်ယူတင်သွင်းတဲ့ နိုင်ငံက တရုတ်နိုင်ငံဖြစ်ပြီး ဘယ်လ်ဂျီယမ်၊ ဖိလစ်ပိုင်၊ ဘူလ်ဂေးရီးယား၊ ယူကေ၊ အင်ဒိုနီးရှား၊ စပိန်နဲ့ ပိုလန်နိုင်ငံတို့ကလည်း ဝယ်ယူမှုရှိခဲ့ပါတယ်။

ဆန်တင်ပို့တဲ့ပမာဏ တိုးတက်လာတာနဲ့အမျှ ပြည်ပကို ဆန်တင်ပို့တဲ့ ကုမ္ပဏီ အရေအတွက်ကလည်း များလာတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်း မြန်မာနိုင်ငံကနေ ပြည်ပကို တရားဝင် ဆန်တင်ပို့ခဲ့တဲ့ ကုမ္ပဏီ အရေအတွက်က ၅၀ ဝန်းကျင်ရှိခဲ့ပြီး မေလမှာတော့ ၆၀ အထိ တိုးလာတာ တွေ့ရပါတယ်။

အခုလို ဆန်တင်ပို့မှု တိုးလာပေမဲ့ တောင်သူတွေအတွက်ကတော့ စပါးဈေးကွက်မှာ ဝယ်ယူသူနည်းပြီး ဈေးမရဖြစ်နေတာကြောင့် အရှုံးတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ရည်ညွှန်းဈေးနှုန်းတွေကို သတ်မှတ်ပြီး ဆန်ဈေးကို ထိန်းချုပ်နေပေမဲ့ ပြင်ပဈေးကွက်မှာတော့ သတ်မှတ်နှုန်းထားအတိုင်း ဝယ်ယူလို့မရတဲ့အပြင် ဆန်ဈေးနှုန်းတွေ အရင်ထက် ပိုမြင့်တက်လာတာကြောင့် ဝင်ငွေနည်း လက်လုပ်လက်စား အခြေခံလူတန်းစားတွေ ပိုအခက်တွေ့နေရတယ်လို့ ရန်ကုန်မြို့ခံ အိမ်ရှင်မတွေထံက စုံစမ်းသိရှိရပါတယ်။

မြန်မာနိုင်ငံဟာ ပြည်ပကို ဆန်တင်ပို့မှုအများဆုံး နိုင်ငံတွေထဲမှာ ပါဝင်ပြီး ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တခုလုံးမှာ ဆန်နဲ့ ဆန်ကွဲတန်ချိန် ၂ ဒသမ ၄၈ သန်းကျော် တင်ပို့မှုကနေ ပို့ကုန်ဝင်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၂၉ ဘီလီယံ ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013