
တောင်ကိုရီးယားနိုင်ငံရဲ့ မြို့တော် ဆိုးလ်မြို့က သမိုင်းဝင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း ဂျိုဂဲနားမှာ ဇွန် ၁၀ ရက်က မီးလောင်ခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရရှိမှု၊ ရှေးဟောင်းပစ္စည်းတွေ ထိခိုက်မှုတွေ မရှိဘဲ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်အရာရှိတွေက ပြောပါတယ်။
နိုင်ငံအတွင်း အကြီးဆုံးဖြစ်တဲ့ ဂျိုဂဲ ဘုန်းကြီးကျောင်းရဲ့ ညီလာခံခန်းမမှာ အစည်းအဝေး လုပ်နေတဲ့ သံဃာအပါး ၃၀၀ ကျော်ကို ထိခိုက်ဒဏ်ရာရသူမရှိဘဲ ဘေးလွတ်ရာဆီ ရွှေ့ပြောင်းနိုင်ခဲ့တယ်လို့ ဂျွန်းနိုခရိုင် မီးသတ်ဌာနက ပြောပါတယ်။
ကွန်ကရစ်အဆောက်အအုံထဲမှာ မီးလောင်တာဖြစ်လို့ ဘုရားကျောင်းရဲ့ ပင်မခန်းမဆောင်ဆီ မီးမကူးစက်ခဲ့တာပါ။
မီးသတ်ကား ၃ ဒါဇင်လောက်ထဲက မီးသတ်ကားတချို့ဟာ အဆောင်တွေကြားမှာ အသင့်ရှိနေခဲ့ပါတယ်။
အစောပိုင်းက ဂျိုဂဲ ဘာသာရေးဂိုဏ်းကရော၊ နိုင်ငံတော်ဘဏ္ဍာနှစ်ခုနဲ့ ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်း အများအပြားကို ထားရှိတဲ့ ဗုဒ္ဓဘာသာပြတိုက်ကပါ သုံးတဲ့ အဆောက်အအုံကနေ အနက်ရောင်မီးခိုးတွေ ထွက်လာတာ တွေ့ခဲ့ရတာပါ။
မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ မီးသတ်ဦးစီးဌာနက ပြောပါတယ်။
ကြပ်ခိုးနဲ့ မီးခိုးငွေ့တွေကြောင့် ပျက်စီးတာကနေ ကာကွယ်ဖို့ ပြတိုက်တာဝန်ရှိသူတွေက ပစ္စည်းတချို့ကို ယာယီရွှေ့ဖို့ ပြင်ဆင်နေတယ်လို့ ဆရာတော်နဲ့ ပြတိုက်အရာရှိတယောက်က အခင်းဖြစ်နေရာမှာ ပြောခဲ့ကြပါတယ်။
Source: Reuters