
အဓိကဆုဖလား အများဆုံးရရှိတဲ့ ကစားသမားစာရင်းမှာ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီက အဆင့် ၁၊ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုက အဆင့် ၇ မှာ ရပ်တည်နေပါတယ်။
ဇွန် ၉ ရက်က ကစားခဲ့တဲ့ နေးရှင်းလိဂ်ဗိုလ်လုပွဲမှာ စီရော်နယ်ဒို UEFA နေးရှင်းလိဂ်ဖလားတလုံး ထပ်မံရယူနိုင်ခဲ့တာကြောင့် ကစားသမားဘဝတလျှောက် ဆုဖလား ၃၆ လုံးအထိ ရယူနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ စီရော်နယ်ဒိုက ဆုဖလားအများဆုံးရရှိတဲ့ ကစားသမားတော့ မဟုတ်ခဲ့ဘဲ သူ့ထက်ပိုပြီး ဆုဖလား အောင်မြင်မှုရရှိတဲ့ ကစားသမားတွေလည်း ရှိနေတာပါ။
သမိုင်းတလျှောက် ဆုဖလားအများဆုံးရရှိတဲ့ ကစားသမားက အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီ ဖြစ်ပြီး လက်ရှိအချိန်အထိ ဆုဖလား ၄၆ လုံးအထိ ရယူထားတာပါ။
မက်ဆီဟာ အဓိကပြိုင်ပွဲ ဆုဖလားတွေအဖြစ် ကမ္ဘာ့ဖလားတကြိမ် အပါအဝင် ကိုပါအမေရိကဖလား ၂ ကြိမ်၊ အိုလံပစ်ချန်ပီယံတကြိမ်၊ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်၊ လာလီဂါနဲ့ လီဂူးဝမ်း အမှတ်ပေးဖလား ၁၂ ကြိမ်၊ စပိန်ဖလား ၇ ကြိမ် ရရှိထားတာပါ။
စီရော်နယ်ဒိုက ဥရောပဖလားတကြိမ်နဲ့ နေးရှင်းလိဂ် ၂ ကြိမ် အပါအဝင် အင်္ဂလန်၊ စပိန်နဲ့ အီတလီ အမှတ်ပေးဖလား ၇ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၅ ကြိမ်၊ သက်ဆိုင်ရာလိဂ်တွေက ရှုံးထွက်ဖလား ၆ ကြိမ် အပါအဝင် စုစုပေါင်း ဆုဖလား ၃၆ ကြိမ်နဲ့ အဆင့် ၇ မှာ ရပ်တည်နေတာပါ။
စီရော်နယ်ဒိုရဲ့အထက်မှာ မက်ဆီ အပါအဝင် ဘူးစကွက်စ်၊ ပီကေး၊ အင်နီယေစတာ၊ ဟော့စ်ဆန်၊ ဒမ်နီအဲလ်ဗက်စ်နဲ့ မက်ဆီတို့ ရပ်တည်နေပါတယ်။