DVB Logo
Home
မြန်မာသတင်း
ပြည်သူ့အစိုးရ ဖွဲ့နိုင်ရန် တအာင်းပြည်ကောင်စီ ဖွဲ့စည်း
DVB
·
June 9, 2025
ပြည်သူ့အစိုးရ ဖွဲ့နိုင်ရန် တအာင်းပြည်ကောင်စီ ဖွဲ့စည်း
Donate to DVB

တအာင်းပြည်ရဲ့ တော်လှန်ရေးကာလမှာ အမြင့်ဆုံး နိုင်ငံရေးအာဏာပိုင်အဖွဲ့အစည်းအဖြစ်နဲ့ ပြည်သူ့အစိုးရဖွဲ့နိုင်ဖို့ တအာင်းပြည်ကောင်စီ (Ta'ang Land Council – TLC) ကို ဖွဲ့စည်းလိုက်တယ်လို့ ဇွန် ၉ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC) ရဲ့ နိုင်ငံရေး ထိပ်သီးအစည်းအဝေးမှာ တအာင်းပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးကော်မတီက ရေးဆွဲထားတဲ့ ‘တအာင်းပြည် တော်လှန်ရေးကာလအစိုးရအစီအမံ’ ကို လက်ခံအတည်ပြုကြပြီး တအာင်းပြည်ကောင်စီကို တအာင်းပြည်ရဲ့ တော်လှန်ရေးကာလမှာ အမြင့်ဆုံးနိုင်ငံရေးအာဏာပိုင်အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းဖို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြတာလို့ ဆိုပါတယ်။

အဲဒီအစီအမံအရ ၂ဝ၂၁ ခုနှစ်၊ မတ် ၂၄ ရက်မှာ ဖွဲ့စည်းတာဝန်ယူခဲ့တဲ့ တအာင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီကို တအာင်းပြည်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ဆိုတဲ့ အဓိကမဏ္ဍိုင်ကြီး ၃ ခုကို ထိန်းကျောင်းကြပ်မတ်ဦးဆောင်နိုင်ဖို့အတွက် ပြောင်းလဲ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။

တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီကို တအာင်းအမျိုးသားပါတီ (TNP)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) နဲ့ တအာင်းအရပ်ဖက်အစုအဖွဲ့တွေပါဝင်ပြီး နိုင်ငံရေး ထိပ်သီးအစည်းအဝေးကို ၂၀၂၅ ခုနှစ် ဇွန် ၁ ရက်ကနေ ၃ ရက်အထိ ကျင်းပခဲ့ပါတယ်။

ကော်မတီကနေ ပြောင်းလဲဖွဲ့စည်းလိုက်တဲ့ တအာင်းပြည်ကောင်စီမှာ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားပြီး တအာင်းအမျိုးသားပါတီ၊ PSLF/TNLA နဲ့ အရပ်ဖက်အစုအဖွဲ့တွေက ၃ ယောက်စီ ပါဝင်ပါတယ်။

တအာင်းပြည်ကောင်စီဟာ ဘုံရန်သူ အကြမ်းဖက်စစ်ကောင်စီကို ဖယ်ရှားရှင်းလင်းနိုင်ခဲ့တဲ့ နယ်မြေတွေကို အခြေခံပြီး တအာင်းပြည်တော်လှန်ရေးကာလ ပြည်သူ့အစိုးရတရပ်ကို အစုအဖွဲ့ ၃ ဖွဲ့ရဲ့ ခေါင်းဆောင်ကိုယ်စားလှယ်တွေအပြင် သင့်လျော်တဲ့ ပြည်သူလူထုကိုယ်စားလှယ်တွေနဲ့ ၂၀၂၅ ခုနှစ်အတွင်း ဆက်လက်ဖွဲ့စည်းနိုင်ဖို့ အမြန်ဆုံးကြိုးပမ်းသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013